သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီးယဲလ်ရဲ့ စံချိန်သစ် ချန်ပီယံလိဂ်အောင်ပွဲ


ရီးယဲလ်အတွက် တတိယဂိုးကိုသွင်းယူအပြီး အောင်ပွဲခံနေသည့် ဂဲရက်သ် ဘေးလ်။ ၂၆ မေ ၂၀၁၈။
ရီးယဲလ်အတွက် တတိယဂိုးကိုသွင်းယူအပြီး အောင်ပွဲခံနေသည့် ဂဲရက်သ် ဘေးလ်။ ၂၆ မေ ၂၀၁၈။

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့က NSC Olimpiyskiy အားကစားကွင်းကြီးထဲမှာ ဒေသ စံတော်ချိန် စနေညဘက်ကကန်တဲ့ UEFA ချန်ပီယံလိဂ်ဖလား လီဗာပူးလ်နဲ့ ရီးယဲလ် မက်ဒရစ်တို့ ဗိုလ်လုပွဲမှာ ရီးယဲလ် မက်ဒရစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး သုံးနှစ် ဆက်တိုက် ချန်ပီယံလိဂ်ဖလားရတဲ့ ပထမဆုံးအသင်းဖြစ်သွားပါပြီ။

ပထမပိုင်း ၄၅ မိနစ်ပြီးတဲ့အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ သရေနဲ့ အဆုံးသတ် သွားပြီးတဲ့နောက် ၅၁ မိနစ်မှာ လီဗာပူးလ် ဂိုးသမားရဲ့ ပေါ့ဆမှုကြောင့် ရီးယဲလ် မက်ဒရစ် အတွက် အဖွင့်ဂိုးကို ဘန်ဇီးမားက သွင်းယူနိုင်လိုက်ပါတယ်။

နောက် ၅ မိနစ် အကြာ ၅၅ မိနစ်မှာ မာနေးက လီဗာပူးလ်အတွက် ချေပဂိုး သွင်းယူပါ တယ်။

လီဗာပူးလ်အတွက် ပထမချေပဂိုး သွင်းယူနေသည့် မာနေး။ ၂၆ မေ ၂၀၁၈။ ကိယက်ဗ်။ ယူကရိန်း။
လီဗာပူးလ်အတွက် ပထမချေပဂိုး သွင်းယူနေသည့် မာနေး။ ၂၆ မေ ၂၀၁၈။ ကိယက်ဗ်။ ယူကရိန်း။

၆၃ မိနစ်မှာတော့ ရီးယဲလ်အတွက် ဒုတိယဂိုးကို လူစားဝင်လာတဲ့ ဂဲရက်သ် ဘေးလ်က ဝင်လာအပြီး မိနစ်ပိုင်းအတွင်းမှာပဲ လှလှပပ နောက်ပြန် နှစ်ဆင့်ကန်သွင်းပါတယ်။

ရီးယဲလ်အတွက် ဒုတိယဂိုးကို လှလှပပ ကန်သွင်းယူနေသည့် Gareth Bale ။ ၂၆ မေ ၂၀၁၈။
ရီးယဲလ်အတွက် ဒုတိယဂိုးကို လှလှပပ ကန်သွင်းယူနေသည့် Gareth Bale ။ ၂၆ မေ ၂၀၁၈။

ရီးယဲလ် မက်ဒရစ်အတွက် တတိယဂိုးကိုလည်း ဂဲရက်သ် ဘေးလ်ပဲ သွင်းယူတာပါ။ လီဗာပူးလ်ဂိုးစည်းအပြင်ဘက် အတော် လှမ်းလှမ်းကနေ ဂဲရက်သ် ဘေးလ် အားပြင်းပြင်း နဲ့ ကန်သွင်းတဲ့ဘောကို လီဗာပူးလ်ဂိုးသမား Karius လက်သီးထိုးပုတ်ထုတ်တာမှာ အပြင်မထွက်ဘဲ ဂိုးထဲဝင်သွားတာပါ။

ဒီပွဲမှာ လီဗာပူးလ်ဂိုးသမား Karius ရဲ့ ပေါ့ဆမှုကြောင့် နှစ်ဂိုးပေးလိုက်ရပြီး လီဗာပူးလ်တို့ ချန်ပီယံဖလားနဲ့ အလှမ်းဝေးသွားတာပါပဲ။

လီဗာပူးအသင်းဟာ ပွဲစကတည်းက အတင်းထိုးစစ်ဆင် ဖိကစားတာကြောင့် ဂိုးသွင်း ခွင့်တွေရပေမဲ့လည်း ရီးယဲလ်ဂိုးသမား ကာကွယ်တာကြောင့်ရော၊ မသေသပ် တာကြောင့်ပါ ဂိုးမရပါဘူး။

ပထမပိုင်း ၃၁ မိနစ်မှာ လီဗာပူးလ်အသင်းရဲ့ အဓိက အားထားရတဲ့ တိုက်စစ်မှူး တဦးဖြစ်သူ ဆာလားဟာ ရီးယဲလ်အသင်း ခေါင်းဆောင် နောက်ခံလူ ရာမို့စ်နဲ့ ဘောလုံး ယှဉ်လုရင်း နာသွားတာကြောင့် သူ့နေရာမှာ Lallana နဲ့ လူစားလဲလိုက်ရပါတယ်။

အဲဒီနောက်ပိုင်း လီဗာပူးလ်ရဲ့ ကစားအားကျသွားပြီး ပထမပိုင်း ကျန်တဲ့အချိန်မှာ ရီးယဲလ် က တန်ပြန် ထိုးစစ်ဆင် ဖိကစားသွားပါ တယ်။

၄၄ မိနစ်မှာ ရိုနယ်လ်ဒို ခေါင်းတိုက်သွင်းလိုက်တဲ့ဘောကို လီဗာပူးဂိုးသမား ကာကွယ် လိုက်တာကြောင့် ပြန်ထွက်လာတဲ့ဘောကို ဘန်ဇီးမား ပိတ်သွင်းလို့ ဝင်သွားပေမဲ့လည်း စည်းကျပ်ဒိုင်က ရိုနယ်လ်ဒိုကို လူကျွံဘောသတ်မှတ်ထားတာကြောင့် ရီးယဲလ်အတွက် အဖွင့်ဂိုး နစ်နာသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG