သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကျော် တေးထုတ်လုပ်သူ Quincy Jones ကွယ်လွန်


အမေရိကန်တေးဂီတသမိုင်းမှာ တေးရေး၊ ထုတ်လုပ်သူနဲ့ ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့တဲ့ Quincy Jones
အမေရိကန်တေးဂီတသမိုင်းမှာ တေးရေး၊ ထုတ်လုပ်သူနဲ့ ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့တဲ့ Quincy Jones

အမေရိကန်ပြည်ထောင်စုက ထင်ကြားကျော်ကြားတဲ့ တေးရေးဆရာ၊ ထုတ်လုပ်သူနဲ့ ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်Quincy Jones (ကွင်စီဂျုန်းစ်) ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။

လော့စ်အိန်ဂျလိစ်မြို့က သူ့အိမ်မှာ မိသားစုဝင်တွေဘေးမှာဝန်းရံပြီး တနင်္ဂနွေညက ကွယ်လွန်သွားတာလို့ သူ့ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ပေါင်း ၇၀ ကျော် ဂီတခရီးကို လျှောက်လှမ်းခဲ့ပြီး Frank Sinatra ဖရန့်စင်နာထရာ၊ Ella Fitzgerald အဲလာဖစ်ဇ်ဂျရယ်၊Count Basie ကောင့်ဘေ့စ်စီနဲ့ Ray Charles ရေးချားလ်စ် စတဲ့ ဂီတလောက အကျော်အမော်တွေနဲ့ အတူတွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။

သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ တချိန်မှာ ပေါ့ဘုရင်အဖြစ်ကျော်ကြားလာတဲ့ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ ပထမဆုံး တဦးတည်းတေးဓာတ်ပြား “Off the Wall” ကို မိုက်ကယ်ဂျက်ဆင် နဲ့အတူ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။နောက်တော့ မိုက်ကယ်ဂျက်ဆင်ရဲ့ “Thriller” တေးဓာတ်ပြား ဆက်ထုတ်ခဲ့ပြီး ဒီတေးအယ်လ်ဘမ်က အခုအချိန်ထိအဆိုတော်တွေရဲ့ ထွက်သမျှ တေးအယ်လ်ဘမ်တွေထဲ ကမ္ဘာ့အရောင်းရဆုံး အယ်လ်ဘမ် ဖြစ်ပါတယ်။

အာဖရိကတိုက်က အငတ်ဘေးသင့်သူတွေအတွက် ရန်ပုံငွေရှာပေးခဲ့တဲ့ "We Are the World" သီချင်းကိုလည်း သူစီစဉ်ထုတ်လုပ်ခဲ့တာပါ။

ဒါ့အပြင် "The Pawnbroker"၊ "In the Heat of the Night"၊ "Roots" နဲ့ သူကိုယ်တိုင် ပူးတွဲထုတ်လုပ်ခဲ့တဲ့ "The Color Purple" အပါအဝင် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေအတွက် တေးဂီတတွေကို လည်း ရေးသားပေးခဲ့ပါတယ်။သူ့ဂီတခရီးတလျှောက် အောင်မြင်မှုတွေအများအပြားရရှိတဲ့ထဲမှာ ဂရမ်မီဂီတဆု ၂၈ လည်း ရရှိခဲ့ပါတယ်။

Forum

XS
SM
MD
LG