သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ရှေ့လကျင်းပမယ့် G-20 ထိပ်သီးညီလာခံ သမ္မတဘိုင်ဒန် တက်ရောက်မည်


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အိမ်ဖြူတော်မှာတွေ့ဆုံနေကြတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ယာ)နဲ့ အိန္ဒိယဝန်ကြီးချုပ် နေရိမ်ဒြာမိုဒီ (ဝဲ) (ဇွန် ၂၃၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အိမ်ဖြူတော်မှာတွေ့ဆုံနေကြတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ယာ)နဲ့ အိန္ဒိယဝန်ကြီးချုပ် နေရိမ်ဒြာမိုဒီ (ဝဲ) (ဇွန် ၂၃၊ ၂၀၂၃)

အိန္ဒိယနိုင်ငံမှာ ရှေ့လထဲကျင်းပမယ့် စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ G20 အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်မှာဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပမယ့် အာဆီယံ-အမေရိကန်နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကိုတော့ ဒုသမ္မတ ကင်မလာဟဲရစ်စ်တက်မယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နေရိမ်ဒြာမိုဒီအစိုးရရဲ့ အခန်းကဏ္ဍကို အလေးထားတဲ့ သမ္မတဘိုင်ဒင်ဟာ G-20 အစည်းအဝေး မတိုင်ခင် ၂ ရက်အလိုကစပြီး စက်တင်ဘာလ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ အိန္ဒိယကိုသွားမှာ ဖြစ်ပါတယ်။ G-20 အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာတော့ သန့်ရှင်းတဲ့စွမ်းအင် ပြောင်းလဲသုံးစွဲဖို့၊ ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်ကြောင့် စီးပွားရေး၊ လူမှုရေး ရိုက်ခတ်မှုဒဏ်တွေကို ခံနိုင်ဖို့နဲ့ ဖွံ့ဖြိုးလုပ်ငန်းတွေအတွက် နိုင်ငံစုံပါဝင်တဲ့ ဘဏ်လုပ်ငန်းတွေ အားကောင်းလာစေရေး အပါအဝင် ကမ္ဘာ့ရေးရာ ကိစ္စတွေကို ဆွေးနွေးကြမှာပါ။ နယူးဒေလီမြို့တော်က အစည်းအဝေးမှာတော့ သမ္မတဘိုင်ဒင်က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် G-20 အဖွဲ့ရဲ့ အရေးပါမှုတွေကို အမေရိကန်က ဆက်လက်ပံ့ပိုးသွားမှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကလည်း မနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG