သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား ရေပိုင်နက်မှာ ဖိလစ်ပိုင်သင်္ဘောတွေကို ဟန့်တားဖို့ တရုတ်ကြိုးပမ်း  


ဖိလစ်ပိုင်ရိက္ခာပို့သင်္ဘောကို ပိတ်ဆို့ခဲ့တဲ့ တရုတ်ကမ်းစောင့်သင်္ဘော
ဖိလစ်ပိုင်ရိက္ခာပို့သင်္ဘောကို ပိတ်ဆို့ခဲ့တဲ့ တရုတ်ကမ်းစောင့်သင်္ဘော

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်က ကျွန်းပေါ်မှာ နေရာယူထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေအတွက် ရိက္ခာနဲ့ အထောက်အပံ့ ပို့ဖို့သွားတဲ့ ဖိလစ်ပိုင်သင်္ဘော ၂ စင်းဟာ တရုတ်ကမ်းစောင့်တပ်တွေရဲ့ ပိတ်ဆို့မှုကြားက ဖောက်ထွက်ခဲ့ကြပါတယ်။ ထောက်ပို့သင်္ဘောကို စောင့်ကြပ်လိုက်ပါလာတဲ့ ဖိလစ်ပိုင်ကမ်းစောင့် သင်္ဘော ၂ စင်းကိုတော့ တရုတ်ကမ်းစောင့်သင်္ဘော ၄ စင်းထက်မနည်းက မနေ့တုန်းက ၅ နာရီလောက်ကြာအောင် ပိတ်ဆို့တားဆီးခဲ့တာပါ။

ဖိလစ်ပိုင်နဲ့ တရုတ်သင်္ဘောတွေ ထိပ်တိုက်ရင်ဆိုင်တိုးနေချိန်မှာ အမေရိကန်ရေတပ်က လေယာဉ်တစင်းကလည်း အပေါ်မှာ ပျံသန်းပြီး စောင့်ကြည့်နေခဲ့ပါတယ်။ တရုတ်၊ အမေရိကန် နိုင်ငံရေး အားပြိုင်မှုတွေမှာ မကြာခဏ အခြေအတင်ဖြစ်နေရတဲ့ ကိစ္စတခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်မှာ အခုဖြစ်ရပ်ဟာ နောက်ဆုံးကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင် ကမ်းစောင့်တပ်ဖွဲ့ကတော့ တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ပြောထားတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သတင်းထောက်တချို့ကိုလည်း သင်္ဘောတွေပေါ် လိုက်ပါကြည့်ရှုကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

XS
SM
MD
LG