NLD အစိုးရ တက်လာပြီးတဲ့နောက် ရန်ကုန်မြို့မှာ မဟာသင်္ကြန်ကာလအတွင်း စီးပွားဖြစ် ရေကစားမဏ္ဍတွေ တည်ဆောက်ခွင့် ပိတ်ပင်လိုက်တဲ့အပေါ် အနုပညာရှင်တွေ၊ လူငယ်တွေအပြင် သင်္ကြန်ကာလအတွင်း စီးပွားရေး လုပ်ကိုင်သူတွေအကြား အမြင် သဘောထားတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ ရှိသင့်၊ မရှိသင့်ဆိုတဲ့ မတူညီတဲ့ အမြင်သဘောထားတွေကို စုစည်းပြီး ကိုဇော်ဝင်းလှိုင်က အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ စုစည်း တင်ပြပေးထားပါတယ်။