သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-Day ၇၈ နှစ်ပြည့် ပြင်သစ်မှာကျင်းပ


ဒုတိယကမ္ဘာစစ်တွင်းက ကမ်းတက်တိုက်ပွဲအထိမ်းအမှတ်ဆင်နွဲသူများက ပြင်သစ်နိုင်ငံ၊ နော်မဲန်ဒီ အိုမာဟာကမ်းခြေမှာ ၇၈ နှစ်မြောက်အထိမ်းအမှတ်ဆင်နွဲနေကြစဉ်။ (ဂျွန် ၆၊ ၂၀၂၂)  
ဒုတိယကမ္ဘာစစ်တွင်းက ကမ်းတက်တိုက်ပွဲအထိမ်းအမှတ်ဆင်နွဲသူများက ပြင်သစ်နိုင်ငံ၊ နော်မဲန်ဒီ အိုမာဟာကမ်းခြေမှာ ၇၈ နှစ်မြောက်အထိမ်းအမှတ်ဆင်နွဲနေကြစဉ်။ (ဂျွန် ၆၊ ၂၀၂၂)  


[[Zawgyi/Unicode]]

ပြင်သစ်နိုင်ငံ၊ နော်မန်ဒီက အိုမာဟာကမ်းခြေမှာ အရုဏ်ကို ကြည့်ရှုရင်း ၇၈ နှစ်မြောက် ကမ်းခြေတက်အောင်ပွဲ (ဒီဒေး) ကို ဒီနေ့ တနင်္လာနေ့မှာ ဆင်နွှဲခဲ့ကြပါတယ်။

၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ပြင်သစ်နိုင်ငံမြောက်ပိုင်းက အိုမာဟာ၊ ယူတား၊ ဂျူနို၊ ဆော့်ဒ် နဲ ဂိုလ်ဒ်လို့ နာမည်ဝှက်ပေးထားတဲ့ ကမ်းခြေတွေကို မဟာမိတ်တပ်တွေက လှေ ၇,၀၀၀ နဲ့ ကမ်းခြေတက်တိုက်ပွဲကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ တရက်တည်းမှာပဲ မဟာမိတ် စစ်သား ၄,၄၁၄ ယောက် သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဂျာမန်တွေဘက်မှာလည်း ထောင်ပေါင်းများစွာ သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။

ဒီနှစ် ဒီဒေးဟာ ကိုဗစ် 19 ကပ်ဘေးအတွင်း ၂ နှစ်ဆက်တိုက် ကန့်သတ်ခဲ့ပြီးတဲ့နောက် နှစ်ပတ်လည်နေ့ကို ဆင်နွှဲနိုင်တာလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေကို ဂုဏ်ပြုကြရာမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ဒီနှစ်က ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ပါဝင်ဆင်နွှဲကြသူတွေက အေပီသတင်းဌာနကို ပြောကြပါတယ်။

D-Day ၇၈ နှစ်ပြည့် ပြင်သစ်မှာကျင်းပ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

==================


[[Unicode]]





==================

XS
SM
MD
LG