သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ ဩစတြေးလျမှာတရားစွဲဖို့ NUG ပြင်ဆင်


စစ်ကောင်စီ တပ်တွေ ဝင်ရောက်မီးရှို့ခဲ့တဲ့ ကန်ပက်လက် မြို့ (ယခင်ပုံဟောင်း)
စစ်ကောင်စီ တပ်တွေ ဝင်ရောက်မီးရှို့ခဲ့တဲ့ ကန်ပက်လက် မြို့ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

မြေပြင်တပ်မှူးတွေကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ မြန်မာစစ်တပ် တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့ Australia နိုင်ငံမှာ တရားစွဲဆိုဖို့ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပြင်ဆင်နေပါတယ်။

Australia က ရှေ့နေအဖွဲ့ဖြစ်တဲ့ Gilbert + Tobin နဲ့ ဆောင်ရွက်မယ်လို့ Australia နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက The Sydney Morning Herald သတင်းစာနဲ့ The Age တို့ကို ပြောပါတယ်။

ခုလို တရားစွဲဆိုတဲ့အခါ Australia တရားဥပဒေအောက်မှာ စွဲဆိုရမှာဖြစ်ပြီး သြစတြေးလျအစိုးရရဲ့ ရှေ့နေချုပ်ရုံးက ထောက်ခံရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရမယ့် အဖွဲ့က Australia ဖက်ဒရယ် ရဲတပ်ဖွဲ့ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ က ကြီးမားလှတာကြောင့် လျစ်လျူ ပြုဖို့ခက်ပါတယ်လို့ ဒေါက်တာ ထွန်းအောင်ရွှေ က ဆိုပါတယ်။ ကယား၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေအပေါ်မှာ အမှုကို NUG က ပြင်ဆင်နေတာပါ။

အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုမျိုးကို သြစတြေးလျနိုင်ငံက မြန်မာစစ်ကောင်စီအပေါ် မချမှတ်သေးပါဘူး။ အဲဒီလို အရေးယူ တာဟာ သြစတြေးလျနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါးမရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး Marise Payne က ပြောပါတယ်။

‌လေဘာပါတီသာ ရွေးကောက်ခံရရင် စစ်တပ်အပေါ် စစ်ရာဇဝတ်မှုနဲ့ဆိုစွဲဖို့ အဆိုပြုချက်ကို သေသေချာချာ စဉ်းစားပါမယ်လို့ ရှေ့နေချုပ် ဖြစ်လာနိုင်တဲ့ Mark Dreyfus ကတော့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========


[[Unicode]]







XS
SM
MD
LG