သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM ကျန်းမာရေးအကြီးတန်းအရာရှိနှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်


၂၀၂၀ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးနဲ့ ကုသရေးဆိုင်ရာ ညီလာခံမှ ဒေါက်တာထားထားလင်း (MOHS)
၂၀၂၀ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးနဲ့ ကုသရေးဆိုင်ရာ ညီလာခံမှ ဒေါက်တာထားထားလင်း (MOHS)


[[Zawgyi/Unicode]]

CDM အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိနှစ်ဦးကို မြန်မာစ်ကောင်စီက အဂတိလိုက် စားမှုစွဲချက်နဲ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ဘဏ္ဍာငွေဆုံးရှုံးနစ်နာခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုစွဲချက်နဲ့ ကျန်းမာရေးဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းကို ထောင်ဒဏ် (၃) နှစ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးကို ထောင်ဒဏ် (၂) နှစ် မန္တလေးတိုင်းတရားရုံးတခုကနေ ဧပြီလ ၂၀ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂက ထောက်ပံ့ထားတဲ့ ကိုဗစ်ကာကွယ်ဆေးရံပုံငွေကြေးထဲက လက် ကျန်ငွေတွေကို ဒေါက်တာထားထားလင်းက UNICEF ကုလကလေးများရံပုံငွေအဖွဲ့ကို ပြန်လည်လွှဲပေးခဲ့ရာမှာ ဒီငွေတွေကိုထိန်းသိမ်းဖို့ပျက်ကွက်လို့ ဒေါက်တာထားထားလင်းကို အရေးယူခဲ့တာဖြစ်သလို ဒီငွေကြေးကို ကြီးကြပ်ဖို့ ပျက်ကွက်မှုနဲ ဒေါက်တာစိုးဦးကိုလည်း အရေးယူခဲ့တာပါ။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဒေါက်တာထားထားလင်းကို အသက် (၇) နှစ်အရွယ်သား၊ ခင်ပွန်းဖြစ်သူတို့နဲ့အတူ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးရဲ့ ပြီးခဲ့တဲ့ထုတ်ပြန်ချက်အရတော့ ဒေါက်တာထားထားလင်းဟာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၂ သန်းနီးပါးကို ငွေစာရင်းမရှင်းဘဲ CDM အကြမ်းဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သူကိုယ်ပိုင်လူမှုကွန်ယက်ပေါ်က ဖော်ပြချက်မှာတော့ ကာကွယ်ဆေးဝယ်ယူထားတဲ့ကိစ္စအသေးစိတ်ကို သက်သေနဲ့ တကွ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို ပေးပို့ပြီးဖြစ်တယ်လို့ ဒေါက်တာထားထားလင်းက ဖော်ပြခဲ့ပါတယ်။ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဆက်သွယ်ဆိုတဲ့စွဲချက်နဲ့ပတ်သက်လို့တော့ အမှုစီရင်ခြင်းရှိမရှိ မြန်မာစစ်ကောင်စီထုတ်ပြန်ချက်မှာမပါရှိပါဘူး။

#MyanmarArrest #MyanmarMilitaryCoup #CDMMyanmar #VOABurmese #ဒေါက်တာထားထားလင်း #ဒေါက်တာစိုးဦး #အဂတိလိုက်စားမှု #ဗွီအိုအေ

===============
[[Unicode]]








===============

XS
SM
MD
LG