မြန်မာနိုင်ငံအတွင်း စစ်မက်ဆိုင်ရာပြစ်မှုကျူးလွန်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပစ်မှုတွေမှာ တာဝန်ရှိသူတွေ ကိုအရေးမယူပဲထားတဲ့လုပ်ရပ်တွေကို အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ပြေးရှောင်အိုးအိမ်မဲ့ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုတွေကို ခွင့်ပြုဖို့ ဥရောပကိုရောက်နေကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ကတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကလာတဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူမှုကူညီရေးအဖွဲ့အစည်းကပုဂ္ဂိုလ်တွေပါဝင်ကြပြီး ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့နဲ့ ဘလ်ဂျီယံနိုင် ဘရပ်ဆဲလ်မြို့တွေကိုသွားခဲ့ကြတဲ့အကြောင်း နိုဝင်ဘာလ၂၀ရက်နေ့က ထုတ်ပြန်တဲ့ CSW ကမ္ဘာ့ခရစ်ယာန် သွေးစည်းညီ ညွတ်ရေး အဖွဲ့နဲ့ HRW Human Rights Watch အဖွဲ့တို့ရဲ့ပူးတွဲကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။
ဒီကိုယ်စားလှယ် အဖွဲ့ဟာ ကချင်၊ ရှမ်းနဲ့ တအမ်း တိုင်းရင်းသားလူမျိုးနွယ်စုတွေကို ကိုယ်စားပြုပြီး ဥရောပကိုလာခဲ့ ကြတာပါ။ ဒီကိုယ်စား လှယ်အဖွဲ့နဲ့အတူ CSWနဲ့ HRW အဖွဲ့ကိုယ်စားလှယ်တွေက ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး၊ အတိုက်အခံနိုင်ငံခြားရေးဝန် ကြီးနဲ့အောက်လွှတ်တော် နိုင်ငံတကာဖွင့်ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌတို့နဲ့ လည်းတွေ့ဆုံ ခဲ့ကြတယ်လို့ကြေညာချက်မှာဖေါ် ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ရဲ့အစိုးရအပါ အဝင်မြန်မာနိုင်ငံပြည်တွင်းစစ်မှာပါဝင်ပတ်သက် နေတဲ့အဖွဲ့တွေအားလုံး တွေ့ဆုံညှိနှိုင်းပြီး ပြည်တွင်းစစ်အဆုံးသတ်ရေး ဖြေရှင်းကြဖို့ကိုတောင်းဆိုတယ်လို့ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ခရစ်ယာန်သင်းအုပ်ဆရာ Dr Hkalam Samson က ပြောပါတယ်။