သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် အိန္ဒိယသွားမည်


သမ္မတဦးထင်ကျော်။
သမ္မတဦးထင်ကျော်။

သမ္မတ ဦးထင်ကျော်ဟာ အိန္ဒိယသမ္မတ Pranab Mukherjee ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံ ၄ ရက်ကြာခရီးစဉ်ကို ဒီကနေ့ စနေနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရသစ်တက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံ့ခေါင်းဆောင်တဦး အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခင် လတွေ အတွင်း အိန္ဒိယမှာ ကျင်းပမယ့် BIMSTEC ထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့အတူ သမ္မတကတော်ဒေါ်စုစုလွင်ပါ လိုက်ပါသွားမှာ ဖြစ်ပြီး ဝန်ကြီးတွေနဲ့ အကြီးတန်း အရာရှိတွေပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေပါ အတူလိုက်ပါဖို့ ရှိပါတယ်။ သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း မိုင် ၁၀၀၀ နီးပါး ရှည်လျားတဲ့ အိန္ဒိယ မြန်မာ နယ်စပ်ဒေသ အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲရေး ကို ဦးစားပေးပြီး စီးပွါးရေးအပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဟာ တနင်္လာနေ့မှာ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ လည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါတယ်။

စနေနေ့မှာ သမ္မတဦးထင်ကျော်ဟာ မဟာဗောဓိပင်ရှိရာ ဗုဒ္ဓဂါယာကို သွားရောက်ပြီး ရှေးဟောင်းသုတေသနပြတိုက်ကို သွားဖို့ ရှိသလို တနင်္ဂနွေနေ့မှာတော့ Taj Mahal ရှိရာ Agra ကို သွားရောက်မှာ ဖြစ်ပါတယ်။ အိန္ဒိယ သမ္မတ Pranab Mukherjee နဲ့လည်း တနင်္လာနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Awaraj တရက်ခရီး လာရောက်ခဲ့ပြီးတဲ့နောက် အိန္ဒိယကို သွားရောက်တဲ့ အခု မြန်မာသမ္မတရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း မြန်မာနိုင်ငံထဲကနေ အိန္ဒိယကို တော်လှန်နေတဲ့ လက်နက်ကိုင်တွေ အရေးကို ဦးစားပေး ဆွေးနွေးဖို့ လည်း ရှိပါတယ်။

သမ္မတဦးထင်ကျော် အိန္ဒိယသွားမည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG