(Zawgyi)
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကို ဧပြီ ၇ ရက်ကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းစစ်ဆင်မှု လုပ်ခဲ့ရာမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရက်သတ္တပတ်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာ ၈ ရွာက နေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကျေးရွာ ၁၂ ရွာက ဒေသခံ ၁၁,၀၀၀ ကျော်ဟာ စစ်ဘေးဒုက္ခသည်အဖြစ် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
-----------------------------
(Unicode)