(Zawgyi/Unicode)
ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်တဲ့အကြောင်း မအေးအေးမာ တင်ဆက်ပေးချင်ပါတယ်။
လူမှောင်ခိုကူးခံရသူတွေ အပါအဝင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ကော့သောင်းမြို့က မြန်မာအာဏာပိုင်တွေထံ လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေ အပါအဝင် မနေ့တုန်းက လွဲှပြောင်းပေးခဲ့တဲ့ သူတွေကိုတော့ ကော့သောင်းမြို့က စောင့်ကြည့်ရေး စင်တာတွေမှာ လက်ခံထားတယ်လို့လည်း ကော့သောင်းမြို့ ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ပညာပေးရေးစင်တာတာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။
“ပြည်နှင်ဒဏ်ပေးလိုက်တာ အကုန်စစ်ထားတယ်၊ Scan ဖတ်ပြီးယူထားတာ သူတို့ထိုင်းကို ပြန်ဝင်မယ်ဆိုရင် ၂နှစ်ကျော်မှ ပြန်ဝင်လို့ရမှာ ၂နှစ်ကြားမှာတော့ မရတော့ဘူး။ အကုန်လုံး အိုင်ဒီစီ (IDC) ထိုင်းလဝက ထိန်းသိမ်းရေးစင်တာက အားလုံးမိန်းကလေးက ၁၄ယောက် ၊ယောက်င်္ကျားလေးက ၉၂ယောက် ကြားထဲမှာလူနာတယောက် ၊ ကျောင်းသားတယောက် အားလုံးက ၁၀၆ ယောက်က အိုင်ဒီစီကပဲ။ ကျန်တဲ့ ၂ ယောက်က သီးသန့်ဟုတ်တယ် ကျန်းမာရေးမကောင်းတဲ့ လူနာတယောက်နဲ့ ကျောင်းသားတယောက်က အပြင်လူပေါ့။ ပလုပ်တုတ်ရွာရဲ့ အရေးပေါ်ကယ်ဆယ်ရေး ထိန်းသိမ်းတဲ့ စင်တာမှာ ထားတာပါ။”
မြန်မာနိုင်ငံဘက် ပြန်လည်လွဲှပြောင်း ပေးသူတွေထဲမှာတော့ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနိုင်ငံနယ်စပ်မှာ လူကုန်ကူးသူတွေက စွန့်ပစ်ထားခဲ့ရာက ထိန်းသိမ်းထားသူတွေလည်း ပါဝင်ပါတယ်။
“ကိုဗစ်ကာလမတိုင်ခင်ကတည်းက သူတို့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်မတူတာ၊ အထောက်အထားမတူတာတွေ ပါတယ်။ ပြီးရင် နောက်တခုက လူကုန်ကူးခံရသူတွေလည်းပါတယ်။ ဒါပေမဲ့ တရားခံမဖမ်းမိတာကြောင့် ရိုးရိုးပုံမှန် အမူတွေနဲ့ ပြန်ပို့တာတွေလည်းရှိတယ်။များသောအားဖြင့် ရခိုင်ပြည်နယ်ဘက်ကနဲ့ ၊မကွေးတိုင်း နဲ့ ချင်းပြည်နယ်တွေကလူတွေများတယ်။”
ပြန်လည်လွဲှပြောင်းပေးလိုက်တဲ့ သူတွေကိုတော့ မြန်မာနိုင်ငံဘက်မှာ ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြည့်စစ်ဆေးသွားမှာပါ။ သေဆုံးသူ ၆ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက်သူ ၃၀၀လောက်ကို အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှု အများစုဟာ ပြည်ပက ပြန်လာသူတွေ ဖြစ်ကြပါတယ်။
ဒီအထဲမှာ ထိုင်းနိုင်ငံက ပြန်လာသူတွေလည်း ပါဝင်နေတာကြောင့် နယ်စပ်ဒေသတွေမှာ စောင့်ကြည့်စစ်ဆေးတဲ့ အစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်နေပေမဲ့ စောင့်ကြည့်ရေး စင်တာတွေကတော့ လုံလောက်မှု မရှိဘူးလို့လည်း ရွှေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
.................
(Unicode)