FDA မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကစပြီး တရားမဝင် ဆေးဝါး ရောင်းချသူတွေကို ထိရောက်စွာ အပြစ်ပေး အရေး ယူတာ၊ လိုင်စင်သိမ်းတာတွေ လုပ်ဆောင်ဖို့ FDA က စီစဉ်နေပါတယ်။ ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာတော့ လိုင်စင်မရှိပဲ ရောင်းချသူတွေကို ဘယ်လို အရေးယူနေသလဲ၊ FDA အနေနဲ့ ဘယ်လို ဥပဒေအသစ်တွေ ချမှတ် ဆောင်ရွက်ဖို့ ပြင်ဆင်နေသလဲ ဆိုတာတွေကို FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို ဆက်သွယ်မေးမြန်းပြီး အပိုင်း (၃) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။