သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ပိတ်မိနေတဲ့ ဗီယက်နမ် ၃၀၀ ကျော်ကို နေရပ်ပြန်ပို့


မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ပိတ်မိနေခဲ့တဲ့ ဗီယက်နမ် လူမျိုးအယောက် ၃၀၀ နေရပ်ပြန်လာစဉ်
မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ပိတ်မိနေခဲ့တဲ့ ဗီယက်နမ် လူမျိုးအယောက် ၃၀၀ နေရပ်ပြန်လာစဉ်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ပိတ်မိနေခဲ့တဲ့ ဗီယက်နမ် လူမျိုး ၃၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ဗီယက်နမ်အစိုးရရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းဌာနမှာ ဒီနေ့ပဲ ဖော်ပြထားပါတယ်။ ဒီလူတွေ အများစုဟာ အွန်လိုင်း လောင်းကစားရုံတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အစိုးရ ဝက်ဘ်ဆိုက်တခုမှာတော့ ဆယ်ကျော်သက် လူငယ်တွေ၊ မွေးကင်းစကလေးငယ်တွေ အပါအဝင် လူပေါင်း ၃၃၈ ဦး နေရပ်ပြန်လာနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံကနေ ဗီယက်နမ်ကို ပြန်ပို့မယ့် လူပေါင်း ၈၀၀ ကျော်အနက် ပထမဆုံးအဖွဲ့အနေနဲ့ ပြန်ပို့လိုက်တာလည်း ဖြစ်ပါတယ်။ နေရပ်ပြန်ရောက်လာခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ Dang Thi Duyen ကတော့ ကိုယ့်နိုင်ငံကို ပြန်ရောက်လာလို့ ဝမ်းသာမိပါတယ်လို့ ဗီယက်နမ် ရုပ်မြင်သံကြားဌာနကို ပြောပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သူ့နိုင်ငံသားတွေကို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့နဲ့ အွန်လိုင်း လိမ်လည်မှုတွေကို သတိထားကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လူပေါင်း ၁ သိန်း ၂ သောင်း လောက်ဟာ အွန်လိုင်းရာဇဝတ် လုပ်ငန်းတွေမှာ အတင်းအကျပ်စေခိုင်းခံနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောထားပါတယ်။

XS
SM
MD
LG