သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ ဘတ်ငွေ တသန်းဖိုးခန့်ရှိတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ဖမ်းဆီးမိ


စစ်သုံးပစ္စည်းအမြောက်အများ မဲဆောက်မြို့စစ်ဆေးရေးမှာ ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (ဇွန် ၁၃၊ ၂၀၂၄)
စစ်သုံးပစ္စည်းအမြောက်အများ မဲဆောက်မြို့စစ်ဆေးရေးမှာ ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (ဇွန် ၁၃၊ ၂၀၂၄)

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က စစ်ဆေးရေးဂိတ်မှာ ထိုင်းဘတ်ငွေ ၁ သန်းလောက်တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် တရားမ၀င် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီ ပစ္စည်းတွေဟာ မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်၊ မဲစရီးယမ်းမြို့ကို ပို့မယ့်ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။​ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဘက်ကိုပို့ဆောင်မယ့် စစ်ပစ္စည်းတွေ အပါအဝင် စတားလင့်လို့ခေါ်တဲ့ အင်တာနက်ဆက်သွယ်တဲ့ပစ္စည်းတွေကို လိုက်လံဖမ်းဆီးမှုတွေ၊ စုံစမ်းမှုတွေ ကို နယ်မြေအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေပါတယ်။

ဇွန် ၁၁ ရက် ညနေပိုင်းမှာတော့ ဟွေဟင်ဖွန် စစ်ဆေးဂိတ်မှာ ကုန်ပစည်းပို့ဆောင်တဲ့ အရပ်ဖက်ကုမ္ပဏီတခုက ကားတစီးကို စစ်ဆေးရာမှာ စစ်သုံးပစ္စည်းတွေကိုဖမ်းမိခဲ့တာပါ။ အခုလို ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကတော့အခုလိုပြောပြပါတယ်။

"စစ်ပစည်းတွေလည်းပါတယ်၊ သတင်းတွေထဲဖော်ပြထားတာကတော့ မှန်ပြောင်းတွေပါတယ်။ စကားပြောစက်တွေ၊ ယူနီဖောင်းတို့၊ စစ်သုံးပစ္စည်း Military equipment တွေပါတယ်။ တန်ဖိုးကတော့ ဘတ်တသန်းဖိုးလောက်ရှိတယ်။"

ယူနီဖောင်းတွေ ဆိုတာကတော့ ထိုင်းနိုင်ငံထဲမှာ တရားဝင်ရောင်းချနေတဲ့ ပစ္စည်းတွေဖြစ်ပေမဲံတခြား စစ်ဘက်သုံးကျည်ကာအင်္ကျီတွေ၊ စစ်ဖိနပ်တွေ၊ စကားပြောစက်တွေ အများအပြားဖြစ်တဲ့အတွက် တရားမဝင်ပစ္စည်းတွေအဖြစ် ဖမ်ဆီးခဲ့တာဖြစ်ပါတယ်။

မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရီးယန်းမြို့ကို လိပ်မူပြီးပို့ဆောင်မယ့် ပစ္စည်းတွေဖြစ်ပြီး မြန်မာပြည်ကိုပို့မယ် မပို့ဘူးဆိုတာတော့သေချာ မသိရပါဘူး။ ဘယ်အဖွဲ့အစည်းတွေရဲ့ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူမှ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

ဖမ်းဆီးရမိတဲ့ စစ်အသုံးအဆောင်တွေကို လတ်တလောမှာ ပိုင်ရှင်မဲ့ပစ္စည်းအဖြစ် သိမ်းဆည်းသွားမှာဖြစ်ပြီး ပို့ဆောင်တဲ့သူတွေကို အရေးယူနိုင်ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေတယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG