မြန်မာနွယ်ဖွါး အမေရိကန်အမျိုးသမီးပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် ( Lt. Col Prof. Dr.Mie Mie Winn Byrd) ဟာ အမေရိကန် အရံကာကွယ်ရေးတပ်မှာ ဒုတိယဗိုလ်မှူးကြီးဖြစ်ပါတယ်။ အမေရိကန်ကာကွယ်ရေးဌာနလက်အောက်ရှိ Hawaii အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာနမှာ တာဝန် ထမ်းဆောင်နေပြီး မြန်မာနိုင်ငံရဲ့ အရပ်ဖက်နဲ့စစ်ဖက်ဆက်ဆံရေး ကောင်းမွန်စေဖို့ ကူညီဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခဏရောက်ခဲ့စဉ်က မြန်မာအမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှှုအရည်အသွေးကို အကဲခတ်ခွင့်ရရှိခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ အမျိုးသမီးတွေ အမှုထမ်းခွင့်ရသင့်ကြောင်းလည်း သူကပြောပါတယ်။ ဒုတိယဗိုလ်မှူးကြီး၊ မီမီဝင်းဘတ် နဲ့တွေ့ဆုံးမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။