သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗာဂျီးနီးယားပြည်နယ် မဲရုံရောက် ဗွီအိုအေဝိုင်းတော်သူ မခင်ဖြူထွေးကို တိုက်ရိုက်ဆက်သွယ် မေးမြန်းချက်


ဗာဂျီးနီးယားပြည်နယ် မဲရုံရောက်
ဗွီအိုအေဝိုင်းတော်သူ မခင်ဖြူထွေး သတင်းတိုက်ရိုက်တင်ဆက်။
ဗာဂျီးနီးယားပြည်နယ် မဲရုံရောက် ဗွီအိုအေဝိုင်းတော်သူ မခင်ဖြူထွေး သတင်းတိုက်ရိုက်တင်ဆက်။

ဒီကနေ့ဟာဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ရွေးကောက်ပွဲနေ့ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးပွဲ အတွင်း သမ္မတလောင်း၂ ဦးတို့ တဘက်နဲ့တဘက် အပြန်အလှန် ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ ကြသလို၊ ဒီရွေးကောက်ပွဲကို ကမ္ဘာတဝှမ်းလုံး ကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်တဲ့ Hillary Clinton ဟာ သမ္မတဟောင်း ကတော်တယောက်ဖြစ်သလို၊ အထက်လွှတ်တော်အမတ်သာမက အိုဘားမား အစိုးရလက်ထက်မှာပါ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်သမ္မလောင်း Donal Trump ကတော့ အိမ်ခြံမြေသန်းကြွယ်သူဌေးတဦးဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံမရှိပါဘူး။ အငြင်းပွါးစရာ ကိစ္စတွေကြောင့် သမ္မတလောင်း ၂ ဦးစလုံး သိပ်ကို လူကြိုက်နည်းတယ်လို့ဆိုပါတယ်။ လူထုသဘောထားစစ်တမ်းတွေအရ မဲဆန္ဒနယ်အတော်များများမှာ သမ္မတလောင်း ၂ ဦးတို့ သူမသာကိုယ်မသာဖြစ်နေကြတာပါ။

ဒီကနေ့မှာတော့ အမေရိကန်အရှေ့ဖက်ခြမ်းမှာ စပြီး မဲပေးနေကြပါပြီ။ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့မဲရုံတရုံမှာ ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ဗီအိုအေ ဝိုင်းတော်သားမခင်ဖြူထွေးကို ကိုသားညွှန့်ဦးက တိုက်ရိုက်ဆက်သွယ်မေးမြန်းပေးထားပါတယ်။

မေးမြန်းချက်အပြည့်အစုံ

တိုက်ရိုက် လင့်ခ်


နားဆင်ရန်

XS
SM
MD
LG