{{ Zawgyi/Unicode}}}
စစ်အာဏာရှင်ဖြုတ်ချရေးကို လိုလားတဲ့ ဘယ်အဖွဲအစည်းနဲ့မဆို လက်တွဲသွားမယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက KIO အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာပြောသွားပါတယ်။
အခုအချိန်မှာ အာဏာရှင်စနစ်နဲ့ဗမာလူမျိုးကြီးဝါဒကို မချေမှုန်းနိုင်ရင် အနာဂတ်မှာ အမြစ်ဖြုတ်နိုင်ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ကချင်ဘာသာစကားနဲ့ ပြောတဲ့ ဗိုလ်ချုပ်ကြီး အန်ဘန်လ မိန့်ခွန်းကို ကိုးကားပြီး ကချင်သတင်းတွေမှာ ဖော်ပြကြပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ၆၁ နှစ်ပြည့် အထိမ်းအမှတ်အတွက် KIO ဥက္ကဋ္ဌရဲ့ ဗွီဒီယိုမိန့်ခွန်းထွက်ပေါ်လာတာဖြစ်ပါတယ်။ KIO အနေနဲ့ မြန်မာအစိုးရ အဆက်ဆက်မှာ နိုင်ငံရေးအရ ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့လည်း KIO ဥက္ကဋ္ဌက ပြောပါတယ်။
KIO ကချင်လွတ်လပ်ရေးအဖွဲ့ကို ၁၉၆၀ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် KIA ကိုတော့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အဲဒီအချိန်က မြန်မာ စစ်အစိုးရနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ယူပြီး အပစ်အခတ်ရပ်စဲထားပေမယ့် ၂၀၁၁ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကူးအပြောင်းတွေဖြစ်ခဲ့တဲ့ ၂၀၁၂ - ၂၀၂၀ ကာလမှာလည်း မြန်မာစစ်တပ်နဲ့ မကြာမကြာဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့ပေမယ့်လည်း NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်မှာတော့ လက်မှတ်မထိုးထားပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်ဆန့်ကျင်တဲ့ အဓိက တိုင်းရင်းသားအဖွဲ့အစည်းတခုဖြစ်လာပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကနေ လက်နက်ကိုင်လှုပ်ရှားမှုတွေဆီ ပြောင်းလာတဲ့ PDF ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေကို အကူအညီပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ်လည်း အများက သိရှိထားကြပါတယ်။ မြန်မာစစ် တပ်ကတော့ KIA အဖွဲ့အစည်းဟာ PDF တွေကို စစ်သင်တန်းပေးတာ၊ လက်နက် ကူညီတာတွလုပ်တယ်လို့ မကြာမကြာစွပ်စွဲပြောဆိုပါတယ်။
===========
{{Unicode}}}
“စဈအာဏာရှငျဖွတျခရြေးလိုလားသူ ဘယျအဖှဲ့နဲ့မဆိုလကျတှဲမညျ” KIO ဥက်ကဋ်ဌ
#Kachin #KachinIndependenceOrganiztion #VOABurmese
===========