သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြောင်ကို သိမ်းပိုက်အုပ်ချုပ်မှာ မဟုတ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော


အစ္စရေးစစ်သားတွေနဲ့တွေ့ဆုံနေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (နိုဝင်ဘာ ၇၊ ၂၀၂၃)
အစ္စရေးစစ်သားတွေနဲ့တွေ့ဆုံနေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (နိုဝင်ဘာ ၇၊ ၂၀၂၃)

အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ဖို့ စိတ်မဝင်စားဘူးလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမေရိကန်အခြေစိုက် Fox သတင်းဌာနကို ပြောကြားလိုက်ပါတယ်။ ဟာမတ်နဲ့အပစ်အခတ် ရပ်စဲတာဟာ လက်နက်ချ အညံ့ခံတဲ့သဘော သက်ရောက်တဲ့အတွက် ဟာမတ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် Netanyahu က ပြောပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကတော့ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပြောဆိုခြင်းမရှိဘဲ ဂါဇာရဲ့ လုံခြုံရေးကို အစ္စရေးကတာဝန်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးကို အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာမျိုး နောက်ထပ် မပြုလုပ်နိုင်အောင် ဂါဇာကမ်းမြောင်မှာ ခိုင်မာတောင့်တင်းတဲ့ တပ်ဖွဲ့အင်အားတွေ ထားရှိသွားမယ်လို့ မနေ့ ကြာသပတေးနေ့က Fox သတင်းဌာနနဲ့ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ဝန်ကြီးချုပ် Netanyahu က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို မနေ့ကြာသပတေးနေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းပေးမယ်လို့ အသိပေးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က မနေ့နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG