{{Zawgyi/Unicode}}
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုဟာ ကာကွယ်ရေးဝန်ကြီး ယိုအက်ဖ် ဂယ်လန့် (Yoav Gallant) ကို ရာထူးကဖယ်ရှားခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို တနင်္လာနေ့က ပြန်လည် ပြင်ဆင်လိုက်ပါတယ်။
သူ့ရဲ့ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုအပေါ်ဆန့်ကျင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို အရင်လတုန်းက ရာထူးကထုတ်ပယ်ခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတကာအထိ ဂယက်ရိုက်ခဲ့တာပါ။ အခုတော့ လုံခြုံရေးကိုခြိမ်းခြောက်လာတဲ့အခြေအနေတွေ တိုးလာနေလို့ သူတို့နှစ်ဦးကြားက သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဟာ သူ့ရာထူးမှာ ဆက်ရှိမယ်လို့ နာတန်ယာဟုက ပြောပါတယ်။
နှစ်ဦးကြားမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး တချို့ကိစ္စရပ်တွေမှာဆိုရင် ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲတာတွေရှိပေမယ့် ဒါတွေကို နောက်မှာချန်ထားရစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြောပြီး ဂယ်လန့်နဲ့အတူ အစ္စရေးနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ဆက်လက် လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
သီးခြားကိစ္စရပ်တခုဖြစ်တဲ့ အမေရိကန်နဲ့ဆက်ဆံရေးအကြောင်းပြောရာမှာတော့ အစ္စရေးဝန်ကြီးချုပ်ရဲ့ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ဆက်ဆံရေး တင်းမာနေပုံပေါ်ပေမယ့် ဒါကို နာတန်ယာဟုကလက်မခံဘဲ နှစ်နိုင်ငံဆက်ဆံရေးက အရင်ကထက် ပိုမိုအားကောင်းခဲ့ပြီး နှစ်နိုင်ငံလုံခြုံရေးနဲ့ ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
==============
{{Unicode}}