(Zawgyi / Unicode)
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Firozabad ခရိုင်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့်ရော ဖျားနာတာကြောင့်ပါ ကလေးငယ် ၃၀ ကျော် အပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက သောကြာနေ့မှာ ပြောပါတယ်။
အဲဒီခရိုင်က ကလေးငယ်တွေကြားမှာ ခြင်နဲ့ဆက်နွှယ်တဲ့ ရောဂါတွေ ပျံ့နှံ့ဖြစ်ပွားနေသလို အပြင်းဖျားတာတွေလည်း ရှိနေတာပါ။
Firozabad ခရိုင် ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာ Dinesh Kumar Premi က "မနေ့က ညနေထိဆိုရင် လူ ၅၀ သေဆုံးခဲ့ပါပြီ၊ အဲဒီထဲမှာ တချို့က သွေးလွန်တုပ်ကွေးရောဂါ ခံစားခဲ့ရတယ်ဆိုတာ အတည်ပြုထားပြီး တချို့ကတော့ အပြင်းဖျားတာကြောင့် သေဆုံးခဲ့တာပါ" လို့ ပြောပါတယ်။
ကြွက်သားတွေ၊ အဆစ်အမြစ်တွေ အပြင်းအထန် နာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစားရတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အေးဒီးစ် ခြင်ကျားကတဆင့် ကူးစက်တာပါ။ အေးဒီးစ်ခြင်ကျားဟာ အပူပိုင်းဒေသက မြို့ကြီးတွေမှာ ပေါက်ဖွားလေ့ရှိပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ခံစားရသူ အများစုက ရောဂါပျောက်ကင်းပြီး အသက်ဘေးက လွတ်တတ်ကြပေမယ့်လည်း နှစ်စဉ် ခန့်မှန်းခြေ လူပေါင်း ၂၀,၀၀၀ လောက် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးရပြီး အဲဒီထဲက အများအပြားဟာ ရောဂါကို ခုခံနိုင်စွမ်းမရှိတဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။
-----------------------
(Unicode)