IIMM ကုလစုံစမ်းရေးအဖွဲ့ မြန်မာနိုင်ငံ အစီရင်ခံစာအပေါ် အကဲခတ်တချို့အမြင်
{{Zawgyi/Unicode}}
မြန်မာနိုင်ငံထဲ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအပြင် စစ်ရာဇဝတ်မှုတွေပါ ပိုများလာတယ်လို့ IIMM မြန်မာဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ အကြီးအကဲ ပြောလိုက်တာက ဒီတစ်ခေါက်ထူးခြားတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီမှာ အရင်နှစ်အစီရင်ခံစာထက် အခုနှစ်မှာ ဒီ နိုင်ငံတကာရာဇဝတ်မူတွေ ၂ ဆကျော် ပို တင်ပြခဲ့ရတယ်လို့ IIMM မြန်မာဆိုင်ရာလွတ်လပ်သော စုံစမ်းမှုယန္တယား အကြီးအကဲက တနလာၤနေ့က ပြောခဲ့ပါတယ်။ ဒါကို မြန်မာစစ်ကောင်စီဘက်ကတော့ မတုံ့ပြန်ခဲ့ပါဘူး။
IIMM အကြီးအကဲ Nicholas Koumjian တင်ပြလာတဲ့ အခိုင်အမာ အထောက်အထားတွေကိုသုံးပြီး နောက်ထပ် နိုင်ငံတကာခုံရုံးတွေမှာ ပိုအရေးယူမှုတွေလုပ်နိုင်ဖို့ ဆက်ကြိုးပမ်းသွားဖို့ လိုနေသေးတယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။
..........................................................
{{Zawgyi/Unicode}}