သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာခရီးစဉ်ဖျက်ဖို့ AI အဖွဲ့တောင်းဆို


မြန်မာနိုင်ငံကို မနက်ဖြန်မှာရောက်လာမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ယခင်ပုံဟောင်း)
မြန်မာနိုင်ငံကို မနက်ဖြန်မှာရောက်လာမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ မြန်မာ့အရေးကူညီချင်ရင် မြန်မာခရီးစဉ်ဖျက်ပြီး လူ့အခွင့်အရေး ပြဿနာ အရင်ရှင်းသင့်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒီနေ့ပြောလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ပယ်ထားတဲ့ အာဆီယံ ဘုံသဘောထားကနေ ခွဲထွက်ပြီး ဟွန်ဆန်အနေနဲ့ နည်းလမ်းမကျတဲ့ သံတမန်ရေးကို သုံးဖို့လုပ်နေတာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေလိမ့်မယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဒေသဆိုင်ရာ သုတေသနလုပ်ငန်း ဒုညွှန်ကြားရေးမှူးက ဆိုပါတယ်။

ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံကို မနက်ဖြန် သွားဖို့ပြင်ထားတာကြောင့် အာဆီယံ အဆင့်မြင့်စည်းဝေးပွဲတွေကနေ အပယ်ခံထားရတဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အာဆီယံ ဘုံသဘောထားအပေါ် အဓိပ္ပါယ် နှစ်ခွ ဖြစ်သွားစေနိုင် တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဒုညွန်မှူး Emerlynne Gil က ထောက်ပြပါတယ်။

ဒါကြောင့် ဟွန်ဆန်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဓာတ်ပုံသာတွဲအရိုက်ခံရပြီး လက်တွေ့ ဘာရလဒ်မှမရဘဲ ပြန်လာရတာမျိုး ဖြစ်မှာထက်စာရင်တော့ လူ့အခွင့်အရေးပြဿနာကိုသာ ပို ဦးစားပေး လုပ်သင့်တာပါလို့ AI ဒုညွှန်မှူး Gil က ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် အာဆီယံဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ ကမ္ဘောဒီးယားအနေနဲ့ လုပ်သင့်တာက မနှစ် ဧပြီလကချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်အားကောင်းအောင်ထောက်ပြပြီး အကြမ်းဖက် လူ့အခွင့် အရေးချိုးဖောက်မူတွေ ရပ်တန့်ပေးဖို့ တောင်းဆိုရမှာပါလို့ AI ဒုညွှန်မှူး Gil က ထပ်ပြောခဲ့ပါတယ်။

တချိန်တည်းမှာ အာဆီယံအနေနဲ့ မြန်မာ့အရေးကို အခုလို တဖွဲ့တည်း မကိုင်တွယ်နိုင်တော့မယ့် အနေအထားကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာပြဿနာကို အရေးပေါ်အဖြစ် ICC နိုင်ငံတကာ ရာဇဝတ် တရားခုံရုံးကိုလွှဲပေးပြီး ကမ္ဘာလုံးဆိုင် ရာ လက်နက်ပိတ်ဆို့မူ ချမှတ်သင့်ပြီလို့လည်း AI ဒုညွှန်မှူး Gil က တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]









=============

XS
SM
MD
LG