မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် ဘာကြောင့် မလုံမလောက် ဖြစ်နေရတာပါလဲ။ ရေရှည်အတွက် ဘာလုပ်သင့်ပါသလဲ။ မြန်မာနိုင်ငံမှာရော အမေရိကန်နိုင်ငံမှာပါ နှစ်ပေါင်း ၄၀ ကျော် လျှပ်စစ်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်ခင်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။
ဦးအောင်ခင်။ ။“ရေအားလျှပ်စစ်က ကျနော်တို့ဆီမှာ potential အများဆုံး ရှိတယ်လေ။ တောင်တန်း ကြီးတွေကလည်း တောင်နဲ့ မြောက် တန်းနေတယ် နောက်ပြီး မြစ်တွေကလည်း တောင်နဲ့ မြောက် စီးနေတယ် ဆိုတော့ အဲဒီ ရေအား လျှပ်စစ်ကို အဓိကထား လုပ်နိုင်ရင် ပိုကောင်းတယ်။ ကျနော် လုပ်ခဲ့တုန်းက ကျနော်က စပြီးအလုပ်ဝင်တော့ အဲဒီ မိုးဗြဲရေကာတာ စီမံကိန်းမှာ တာဝန်ကျတယ်။ ပြီးတော့နောက် လောပိတက စက် ၃ လုံး တိုးချဲ့စီမံကိန်းမှာ တာဝန်ကျ တာပေါ့။ အားလုံးပေါင်း ၆ နှစ်လောက် ကြာတယ်။ ပြီးတော့ ကျနော် အဲဒီ လှော်ကား ဓါတ်အားခွဲရုံမှာ another field ပေါ့ နောက်ထပ် တိုးချဲ့တော့ ကျနော်ကလည်း အင်ဂျင်နီယာ အနေနဲ့ ပါတယ်။ အဲဒီမှာ။ ကျနော်က လောပိတမှာ လုပ်ခဲ့တော့ ရေအား လျှပ်စစ်နဲ့လည်း ထိတွေ့မှှု ရှိခဲ့တယ်။ ရန်ကုန် ရောက်တော့လည်း ဓါတ်အားလိုင်း စီမံကိန်းတွေမှာ နောက် ဂက်စ် တာဘိုင်တွေ ဆောက်တဲ့ ဟာလည်း ပါတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ လုပ်ခဲ့ရတဲ့ အခြေနေက ရတဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီး တော့ ကျနော်တို့က လုပ်ရတာ။”
“ဒါပေမယ့် ခက်တာက ကျနော်တို့ လက်ထက်တုန်းက ရေအားလျှပ်စစ်က ကြာတယ်လေ။ သူက အရင်းအနှီးကလည်း များတယ်။ နောက်ပြီးတော့ construction period ဆောက်လုပ်ရတဲ့ ကာလ ကလည်း ကြာတယ်။ ကြာတယ်ဆိုတော့ အဲဒီအချိန်က အစိုးရက စိတ်မရှည်ဘူး။ ဆိုတော့ အဲဒီ ရေအားလျှပ်စစ်ကြီးတွေကို ကျကျနနနဲ့ ကျနော်တို့ တုန်းကတော့ ကင်းတားနဲ့ ဆည်တော်ကြီးတို့ အဲဒီလို ရေအားလျှပ်စစ်တွေတော့ လုပ်တော့ လုပ်တယ်။ ရေအားလျှပ်စစ်က ထွက်လာတဲ့ အချိန်ကျတော့ သူက low operation cost လည်ပတ်ရတဲ့ စားရိတ် နဲတယ်။ စားရိတ်နဲနဲ နဲ့ လည်ပတ်လို့ ရတယ်။ ဒါပေမယ့် သူက တည်ဆောက်တဲ့ ကာလက ကြာတယ် နောက်ပြီးတော့ ဒီအရင်းအနှီးက နဲနဲများတော့ ကျနော်တို့ အဲဒီအချိန်တုန်းက အဲဒီဟာတွေကို ကောင်းကောင်း တကယ့်ကို အောင်အောင် မြင်မြင် မလုပ်နိုင်ခဲ့ဘူး။”
“ကျနော်တို့ တကယ့်ကို potential ရှိတဲ့ ရေအား လျှပ်စစ်ကြီးတွေ ဥပမာ ထမံသီက စီမံကိန်းတို့ ဘာတို့ အဲဒီလို မီဂါဝပ်များများ ရေအားလျှပ်စစ် ကြီးတွေကို ကျနော်တို့ အဲဒီအချိန်တုန်းက သေချာ မလုပ်နိုင်ခဲ့ဘူး။ ဘယ်လို ပြောရမလဲ အဲဒီအချိန်တုန်း ကတော့ ဆူလွယ်နပ်လွယ်ပေါ့နော်။ တခါထဲ gas turbine ကြီးတွေ ဆောက်။ သူက အဲဒီတုန်းက ရန်ကုန်ကိုပဲ အဓိက မီးရဖို့ ကိုပဲ သူက စဉ်းစားပြီးတော့ အဲဒီလိုမျိုး ရေရှည်ကို ကောင်းလာမယ့် အဲဒီ စီမံကိန်းတွေ ကျတော့ သိပ်ပြီးတော့ မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်ဘူး ဆိုတာက ခုန ကျနော် ရှင်းပြသလို ရက်ကြာတာရယ်။ နောက်ပြီးတော့ ပိုက်ဆံ အရင်းအနှီး များတာရယ်။ အဲဒီဟာကို အကြောင်းပြပြီးတော့ သေသေချာချာ ထိထိရောက်ရောက် မလုပ်ခဲ့လို့ အခုအချိန်မှာ အဲလို ဖြစ်တာ။ အဲဒီအချိန်တုန်းကသာ ကျကျနန ပေါင်းလောင်းတို့၊ ကင်းတားတို့၊ ဆည်တော်ကြီးတို့ ထံမသီတို့ အဲလိုမျိုး ရေအားလျှပ်စစ်စက်ရုံတွေကို သေချာ ဆောက်ခဲ့လို့ ရှိရင် အခုချိန်ဆိုရင် ကျနော်တို့က တော်တော်ကြီး အခြေနေ ကောင်းနေပြီ။ ဒါပေမယ့် အဲဒီအချိန်တုန်းက အဲဒါတွေက သေသေချာချာ မလုပ်နိုင်ခဲ့ဘူး။”
အဲဒီလို မလုပ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ အခုအချိန်မှာ အစိုးရက လျှပ်စစ်ဓါတ်အားကို အရှုံးခံပြီး ဖြန့်ဝေနေရတာ ဖြစ်ပါတယ်။
အရင်က မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်အတွက် လောပိတကို အဓိက အားထားခဲ့ရတာပါ။ အမေရိကန်မှာတော့ ၁၉၃၀ နှစ်တွေ အတွင်း စီးပွါးပျက်ကပ်ဆိုက်နေချိန်မှာပဲ ရေရှည်အတွက် ဈေးအပေါဆုံးနဲ့ အကောင်းဆုံး ရေအားလျှပ်စစ်ထုတ်ဖို့ ကော်လိုရာဒိုမြစ်ကြီးကို ပိတ်ပြီး Hoover ဆည်ကြီး တည်ဆောက်ခဲ့တာကြောင့် ဝန်းကျင် ပြည်နယ်တွေမှာ လျှပ်စစ်မီး သာမက သောက်သုံးရေ ပါ ရေရှည်အတွက် အဆင်ပြေခဲ့ရတာပါ။
ဦးအောင်ခင်။ ။“ကော်လိုရာဒို မြစ်ရဲ့ ဟိုဘက်က အာရီဇိုးနား။ ကော်လိုရာဒို မြစ်ရဲ့ ဒီဘက်က နီဗားဒါးပေါ့။ အဲဒီမှာ သူတို့က ရေကာတာကြီး အကြီးကြီး ဆောက်လိုက်တယ်။ ဟူဗာ ရေကာတာကြီး ပေါ့နော်။ သူက ရေအားလျှပ်စစ်ကို သူက စက်တလုံး တလုံးကို မီဂါဝပ် တထောင် ရှိတယ်။ ကျနော်တို့ လောပိတက စက်နဲ့ ယှဉ်ကြည့် ပြောမယ် ဆိုရင် လောပိတက စက်က ဂျပန်စစ်လျှော်ကြေး ရလို့ ဆောက်ထားတဲ့ လောပိတ စက်ကြီးတွေက။ ပထမဦးဆုံး ဆောက်တဲ့ စက် ၃ လုံးက တလုံးကို ၂၈ မီဂါဝပ် ပဲရှိတယ်။ ဟူဗာရေကာတာက စက်တလုံးက တထောင်ဆိုတော့ အများကြီး ကွာတာ ပေါ့နော်။ ကျနော် အပါအဝင် ထမ်းဆောင်ခဲ့တာကတော့ နောက်ထပ် တိုးချဲ့တဲ့ စက် ၃ လုံး - ၂၈ အား ၃ လုံး ပေါ့နော်။ ကျနော် ဒီကို ထွက်လာပြီး တော့မှ သူတို့ အဲဒီ နံပါတ် ၁ ပါဝါ စတေရှင်တို့၊ နံပတ် ၃ ပါဝါ စတေရှင်တို့ ဆောက်တယ်လို့ ကျနော် ကြားပါတယ်။”
“အဲဒီတော့ ဟူဗာ dam က အကြမ်းကတော့ အဲဒါပဲ။ သူက နောက်ပြီးတော့ high head ဆိုတော့လေ။ ရေအားလျှပ်စစ် ဆိုတာက head နဲ့ flow နဲ့ ရှိတယ်လေ။ head ဆိုတာက အမြင့်ပေါ့နော်။ အမြင့် ကောင်းလေ သူက ဖိအား pressure ကောင်းလေ ပေါ့။ နောက်တခါ flow ကတော့ ရေအားပေါ့။ ရေအားက ဘယ်လောက် စီးနိုင်သလဲ၊ တမိနစ်ကို ဘယ်လောက် စီးနိုင်သလဲ minute per hour စသည်ဖြင့် အဲဒီလိုမျိုး။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဆောက်တာ။”
“Hoover dam ကတော့ head ကတော့ ကျနော်တို့ လောပိတလောက် မမြင့်ဘူး။ ရေကာတာကြီးကို ဆောက်ပြီးတော့ ရေကာတာကြီး အောက်နားမှာ ဓါတ်အားပေး စက်ရုံ ဆိုတော့ သူက ရေများများနဲ့ လုပ်ရတဲ့ ဖရန်စစ်တာဘိုင်တို့ ကက်ပလန်ကာဘိုင်တို့ ဆိုတာက ရေများများနဲ့ သုံးပြီးတော့ head နဲနဲနဲ့ မောင်းလို့ ရတယ်လေ။ ကျနော်တို့ လောပိတက ဟာကတော့ တောင်ပေါ်ပေ အားလုံးပေါင်း ၁၄၅၀ လားမသိဘူး မြင့်တယ်။ မြင့်တော့ အဲဒီအပေါ်ကနေ ပိုက်ကြီးနဲ့ သူ့ကို ဆွဲချပြီးတော့ ကျနော်တို့က ပယ်လ် တန် ဝှီး ဆိုတာ ခွက်ပုံသဏ္ဍာန် ပေါ့နော်။ အဲဒါနဲ့ မောင်းတာ။”
“အခြေအနေပေါ်မှာ မူတည်ပြီးတော့ အဲဒီ ရေအား လျှပ်စစ်ကြီးက ဆောက်ကြတာ။ ကျနော်တို့က ကြတော့ သိပ်ပြီးတော့ မကြီးဘူးပေါ့။ hydro electric power ဆိုပေမယ့်လို့လည်း အကြီးစား မဟုတ်ဖူး။ အသေးစားပေါ့။ အသေးစား ဆိုတော့ ၁၀ မီဂါဝပ်ကနေ၊ ၃၀ မီဂါဝပ်လောက် အထိကို small hydro လို့ခေါ်တယ်။ နောက် မီနီဟိုက်ဒရို mini hydro ဆိုတာ ရှိသေးတယ်။ သေးသေးလေး တွေပေါ့၊ တနိုင်တပိုင်ပေါ့။ လုပ်ငန်းရှင် သေးသေးလေးတွေ သုံးလို့ရတာ။ သူကတော့ ၅ ကနေ ပြီးတော့ ၁၀၀ ကီလိုဝပ်၊ မိုက်ခရိုပေါ့။ မီနီက ၁၀၀ ကနေ ၁၀၀၀ ကီလိုဝပ်။ နောက် ပီကိုက ၅ ကီလိုဝပ် ထက်နဲတာ။ အကြမ်းဖျင်း ပြောရရင် လူနေအိမ် တလုံးစာလောက်ပဲပေါ့။ လူနေအိမ် တလုံးက ၃ - ၄ ကီလိုဝပ်လောက် ရှိတယ်။”
“ရေအားလျှပ်စစ်ကတော့ မြန်မာပြည်မှာ အဲဒီလို ရေအား လျှပ်စစ် သေးသေးလေးတွေကို များများ ဆောက်နိုင်ရင် ကောင်းတယ်။ အခု ဆောက်လည်း ဆောက်နေကြတယ်။ ဘာလို့ဆိုရင် သူတို့ ကျနော့်ကို လာလာမေးကြလို့ သိတာ။ အဲတော့ အနိမ့်အမြင့် များတဲ့ နေရာ ဒေသမျိုး တွေမှာ ရှိတဲ့ - ရှမ်းပြည်တို့ ကယားပြည်တို့ ကချင်ပြည်တို့ အဲဒီလို နေရာ မျိုးတွေမှာ ရေအား လျှပ်စစ်ကို လုပ်ရင် ရေအားလျှပ်စစ်က ပါဝါ ကောင်းကောင်း ရနိုင်တယ် ဆိုတာက သူက head နဲ့ flow ပေါ့နော် အဲဒါက အမြင့် မြင့်ရင် ရေဘယ်လောက် ရနိုင်တယ် ဆိုတာ ပေါ်မူတည်ပြီးတော့ ရေအားလျှပ်စစ်က ဆောက်သင့်တာလေ။”
ကယ်လီဖိုးနီးယား ပြည်နယ်က လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ခင်ပါ။