သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဟာရပြည့်ဝစာရရှိရေး စီမံသင့်ပုံ


Former First Lady Michelle Obama, center, encourages a youngster with a pitchfork as they harvest vegetables in the White House Kitchen Garden on October 6, 2016.
Former First Lady Michelle Obama, center, encourages a youngster with a pitchfork as they harvest vegetables in the White House Kitchen Garden on October 6, 2016.
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ သင့်တော်မဲ့ အာဟာရပြည့်ဝစာကို ငွေကုန်ကြေးကျ အနည်းငယ်နဲ့ တပိုင်တနိုင် ရှာဖွေစိုက်ပျိုးနိုင်တယ်လို့ အာဟာရပညာရှင်တွေက အကြံပြုကြပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝအလျောက်ပေါက်တဲ့ အပင်တွေကို ရှာဖွေတာ (သို့မဟုတ်) အိမ်ထဲဝန်းကျင် မြေအနည်းငယ်ရှိရာမှာ စိုက်ပျိုးခြင်းနဲ့ အာဟာရရှိတဲ့ ဟင်းသီးဟင်းရွက်တချို့ကို ရနိုင်တယ်လို့ အာဟာရ ပညာရှင်တွေက ပြောပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ အလေ့ကျပေါက်တဲ့ မဲဇလီပင်အရွက်မှာ သံဓာတ် အများကြီးပါဝင်ပါတယ်။ အများအားဖြင့် မဲဇလီအဖူးကို မြန်မာ့ရိုးရာ သုတ်စားတာများပေမဲ့၊ မဲဇလီရွက်ကိုတော့ ၁၂ မျိုးဟင်းချိုချက်တာကလွဲလို့ သိပ်မစားကြပါဘူး။ သံဓာတ်ချို့တဲ့မှု မြန်မာနိုင်ငံထဲများလာပြီး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးတွေမှာလည်း အဓိက တွေ့လာရချိန်မှာ၊ မဲဇလီရွက်ကို အနည်းငယ်စားရုံမျှဖြင့် သံဓာတ်အများကြီး ရနိုင်တာကို တွေ့ရှိထားပါတယ်။

ဒါ့အပြင် ဆူးပုပ်ရွက်မှာလည်း သံဓာတ်အများကြီး ပါဝင်ပါတယ်။ ဆူးပုပ်ရွက်ကတော့ အလေ့ကျ မပေါက်တာမို့၊ စိုက်ယူဖို့တော့ လိုပါတယ်။ ဒါပေမဲ့ နယ်ဒေသတွေ ရွာတွေမှာ အိမ်ရှေ့နဲ့ အနောက် မြေအနည်းငယ်ရှိလျှင် ဆူးပုပ်ပင် စိုက်နိုင်ပါတယ်။ အထူးသဖြင့် ရေချိုးရာ မြေနေရာနားမှာ ကပ်စိုက်ထားခြင်းဖြင့် ရေလည်း အလွယ်တကူရ ရှင်သန်လွယ်ပါတယ်။ ဆူးပုတ်အပြင် ကင်ပွန်းချဉ်၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ရုံးပတေသီး၊ သင်္ဘောသီး၊ ပဲစောင်းလျားသီး၊ ငရုတ်သီးစိမ်း စတဲ့အပင်တွေနဲ့ နနွင်းတက် စတာတွေ အလားတူ စိုက်နိုင်ပါတယ်။ အညွန့်တွေ တက်စရာအပါအဝင် နေရာပိုရှိလျှင်တော့ ဗူးပင်၊ ဖယုံပင်၊ သခွားသီးပင်၊ ပလောပီနံပင် စတာတွေပါ စိုက်နိုင်ပါတယ်။

မြို့ကြီးတွေမှာတော့ မြေနေရာရဖို့ အများစုမှာ ခက်ခဲနိုင်ပေမဲ့၊ တိုက်ခန်းထဲ အိမ်ထဲတွေမှာလည်း ရေချိုးခန်း၊ မီးဖိုချောင်၊ အိမ်ရှေ. ဝရန်တာတွေမှာ အိုးနဲ့ စိုက်နိုင်ပါတယ်။ အိမ်ထဲမှာတော့ အထက်ပါ ဟင်းသီးဟင်းရွက်မျိုး စိုက်ရခက်ပေမဲ့၊ အာဟာရရှိတဲ့ ဟင်းခတ်စရာတချို့ကို စိုက်နိုင်ပါတယ်။ ဥပမာ နံနံပင်၊ ပင်စိမ်း (Basil)၊ ပူစီနံ စတာမျိုးတွေကို အိမ်ထဲမှာ အိုးနဲ့ တတ်နိုင်သလောက် စိုက်နိုင်ပါတယ်။ အိမ်ထဲ ရေချိုးခန်းကရေနဲ့ မီးဖိုချောင် ပန်းကန်ဆေးစွန့်ပစ်တဲ့ရေတွေကနေ ပိုးကင်းစေပြီး သတ္တုဓာတ်ပါနိုင်တဲ့ ရေတွေကို အလိုအလျောက် ရနိုင်ပါတယ်။ ဒါ့အပြင် တချို့အတွက် အိမ်ရှေ့နဲ့ အိမ်နောက်မှာ မြေအနည်းငယ်ရှိလျှင်တော့ စပါးလင်နဲ့ ဂျင်းပင်လိုမျိုးလည်း စိုက်နိုင်ပါသေးတယ်။ တချိန်ထဲမှာ မြန်မာနိုင်ငံမှာ ဈေးသိပ်မကြီးတဲ့ ပဲပြုတ်နဲ့ ပဲမျိုးစုံကလည်း အာဟာရတွေ အများကြီး ရနိုင်ပါတယ်။

မြို.နေတချို့ကတော့ ငွေကြေးတတ်နိုင်ပေမဲ့ အခုနောက်ပိုင်း ဓာတုပိုးသတ်ဆေး အသုံးများတာစိုးရိမ်ပြီး ဟင်းသီးဟင်းရွက်တချို့ကို ဝယ်မစားဘဲ ရှောင်ကျဉ်လာတာအတွက်တော့ အာဟာရထိခိုက်နိုင်တာမို့၊ အန္တရာယ်ကင်းတာ ရနိုင်အောင် ရှာကြံသင့်ပါတယ်။ တနည်းကတော့ အခုနောက်ပိုင်း နိုင်ငံတကာမှာ ခေတ်စားလာတဲ့ စိုက်ပျိုးသူတွေကို အရင်းအနှီး ကြိုတင်စိုက်ထုတ်ပေးပြီး မြို့ဆင်ခြေဖုန်း မြေနေရာရှိရာမှာ ဓာတုပိုးသတ်ဆေး မသုံးဘဲ၊ သဘာဝအတိုင်း စိုက်ယူကာ၊ တစ်ပတ်တကြိမ် အန္တရာယ်ကင်း လတ်ဆတ် အာဟာရပြည့်တဲ့ ဟင်းသီးဟင်းရွက်တွေ ပို့ပေးတာပါ။ အမေရိကန်မှာ အခုလို Community-Supported Agriculture စနစ်မျိုး ကျင့်သုံးလာခဲ့တာကို တခြားအာရှနိုင်ငံတွေကိုလည်း ဖြန့်ဖြူးပေးလာတာကြောင့်၊ ဥပမာ ဖီလစ်ပိုင်က မြို့နေလူတန်းစားတချို့ဆိုလျှင် အခုလို ငွေကြိုစုပေးပြီးစိုက်တာမျိုး ကျင့်သုံးလာကြပါပြီ။ အခုလို လတ်ဆတ်အာဟာရပြည့်ဝစာတွေ စီမံစားသုံးချင်းဖြင့် ငွေတချို့ကုန်ကျနိုင်ပေမဲ့၊ ရောဂါတွေ ဖြစ်လာမှ ငွေကုန်ကျေးကျများရတာထက်တော့ အများကြီး ပိုကောင်းနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

==== Unicode ====







XS
SM
MD
LG