သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆုတ်ရောင်ရောဂါ ကာကွယ်ရေး


ကလေးငယ်တွေမှာ အဖြစ်များပြီး၊ ကလေးသေဆုံးမှု အများဆုံးရောဂါတွေထဲက တစ်ခုဖြစ်တဲ့ ဒီရောဂါ အတွက် ကာကွယ်ဆေးသစ်တစ်မျိုးကို အမျိုးသားကာကွယ်ဆေးထဲမှာ ရှေ့နှစ်စပြီး ထည့်သွင်းထိုးပေးဖို့ ကျန်းမာရေးပညာရှင်တွေ ပြင်ဆင်နေကြပါတယ်။ အခြားထိုးနေကျ ပုံမှန် အမျိုးသား ကာကွယ်ဆေးတွေကလည်း ဒီရောဂါကို တစုံတရာ ကာကွယ်ပေးနိုင်ပါတယ်။

လေကနေတဆင့် ကူးစက်ပြီး ပြင်းထန်တဲ့ ဒီရောဂါအတွက် အခြားကာကွယ်နိုင်တဲ့ နည်းတွေကတော့ လေညစ်ညမ်းမှု မဖြစ်အောင် ဆေးလိပ်ကို အိမ်ထဲ၊ အခန်းထဲမှာ မသောက်တာ၊ ထင်းမီးခိုးငွေ့တွေကို ရှောင်ကြဉ်တာ၊ အာဟာရပြည့်ဝအောင် စားသုံးတာ နဲ့ ဗီတာမင်အေဓာတ် ဖြည့်ပေးတာတွေ ဖြစ်ပါတယ်။

တကယ်လို့ ကာကွယ်ဆေး မထိုးဖြစ်ခဲ့ရင်လဲ ကြိုတင်သိနိုင်ဖို့ စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေက နှာစေးချောင်းဆိုးပြီး အသက်ရှုမြန်လာတာ၊ အပူအပြင်းအဖျားကြီးလာတာ၊ နောက် အသက်ရှုသွင်းရင် နံရိုးအောက် ရင်ဘတ်သားတွေ ချိုင့်ဝင်သွားတာတွေ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ အဆင့်ရောက်ရင်တော့ တက်တာ၊ မှိန်းနေတာ၊ အစာနဲ့ရေမဝင်တော့ဘဲ ဆက်တိုက် အော့အန်လာတာတွေ ဖြစ်တာမို့ ဒီအဆင့်မှာ ဆေးရုံဆေးခန်းကို အမြန်ပြသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG