သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်လက်မခံကြောင်း ထပ်မံပြောဆို


စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ယခင်ပုံဟောင်း)
စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းခံထားတာကို စစ်ကောင်စီက ထပ်ပြီး ပယ်ချလိုက်ပါတယ်။

တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တဦးတယောက်ကို ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်းကမှ တွေ့ခွင့်မရှိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို ခွင့်ပြုပေးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်ဆိုပြီး စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မနေ့က ပြောခဲ့တာပါ။

အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့တဲ့ထဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဲဒီလို ထည့်ပြောသွားတာဖြစ်ပါတယ်။ ပြီးခဲ့ဲတဲ့လကုန်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးခဲ့တာဟာ အာဆီယံပဋိညာဉ်ပါ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

အာဆီယံပြင်ပနိုင်ငံတွေရဲ့ သပ်လျှိုမှုနဲ့ အခုလိုဖြစ်ရပ်မျိုးကို တခြားအဖွဲ့ဝင်နိုင်ငံတွေလည်း အချိန်ကာလတခု၊ အခြေအနေတခုမှာ ကြုံလာရနိုင်တဲ့သဘောမျိုး ထည့်သွင်းပြောဆိုသွားပါတယ်။

အာဆီယံအဖွဲ့က အားလုံးသဘောတူချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ကိစ္စ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် တိုးတက်မှုမရခဲ့ဘူးဆိုပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထောက်ပြဝေဖန်ခဲ့ပြီးတဲ့နောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံက တက်ခွင့်မပေးခဲ့ပါဘူး။

စစ်ကောင်စီခေါင်းဆောင်အစား နိုင်ငံရေးပိုင်းက မဟုတ်သူတဦးအဖြစ်တက်ဖို့ နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်တဦးကို အာဆီယံကဖိတ်ခဲ့ပေမယ့် စစ်ကောင်စီက တက်ဖို့ ငြင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုမတက်တာဟာ အာဆီယံကို သပိတ်မှောက်တာမဟုတ်ဘူးလို့ စစ်ကောင်စီက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။


--------------

{{Unicode}}









#AungSanSuuKyi #MyanmarASEAN #ASEANEnvoy #VOABurmese

XS
SM
MD
LG