သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီဒဏ်သင့် ဂျပန်နျူကလီးယားစက်ရုံက ရေတွေ ပင်လယ်ပြင်မှာ စတင်စွန့်ပစ်


ဆူနာမီဒဏ်သင့် ဂျပန်နျူကလီးယားစက်ရုံက ရေတွေ ပင်လယ်ပြင်မှာ စတင်စွန့်ပစ် (သြဂုတ် ၂၄၊ ၂၀၂၃)
ဆူနာမီဒဏ်သင့် ဂျပန်နျူကလီးယားစက်ရုံက ရေတွေ ပင်လယ်ပြင်မှာ စတင်စွန့်ပစ် (သြဂုတ် ၂၄၊ ၂၀၂၃)

၂၀၁၁ ခုနှစ်တုန်းက ပင်လယ်ပြင်အောက် ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဂျပန်နိုင်ငံ Fukushima Daiichi နျူကလီးယား ဓါတ်ပေါင်းဖိုကနေ သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွရေတွေ ပစိဖိတ် သမုဒ္ဒရာထဲ ပထမအသုတ် ဒီကနေ့ ထုတ်လွှတ်ပါတယ်။ စက်ရုံထိန်းချုပ်ခန်းတခုကနေ တိုက်ရိုက်ဗီဒီယိုမှာတော့ Tokyo Electric Power TEPCO ကုမ္ပဏီဝန်ထမ်းတယောက်က ပင်လယ်ထဲ စွန့်ပစ်ရေတွေကို ထုတ်လွှတ်နေတာကို တွေ့ရပါတယ်။

ဒီလို ရေဒီယိုသတ္တိကြွရေတွေ သမုဒ္ဒရာထဲထုတ်လွှတ်ဖို့ အစီအစဉ်ကို ဂျပန် တရုတ်၊ တောင်ကိုရီးယားက ငါးဖမ်းသမားတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဂျပန်အစိုးရနဲ့ TEPCO ကုမ္ပဏီက ရေဒီယိုသတ္တိကြွရေတွေ မတော်တဆ ယိုစိမ့်မှုကနေကာကွယ်ဖို့ ရေတွေကို စံချိန်စံညွှန်းတွေနဲ့ အညီ စနစ်တကျထုတ်လွှတ်ပေးဖို့လိုတယ်လို့ ပြောဆိုပါတယ်။ Fukushima နျူကလီးယား ဓါတ်ပေါင်းဖိုကနေ သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်ထဲ ထုတ်လွှတ်ဖို့ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ IAEA အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက ကျွမ်းကျင်သူတွေက ၂ နှစ်ကြာ လေ့လာ သုံးသပ်ပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG