သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှု တားမြစ်ဖို့ Fortify Rights အဖွဲ့တောင်းဆို


လားရှိုးမြို့လေကြောင်းဗုံးကြဲခံရအပြီးမြင်ကွင်း (စက်တင်ဘာ ၃၀၊ ၂၀၂၄)
လားရှိုးမြို့လေကြောင်းဗုံးကြဲခံရအပြီးမြင်ကွင်း (စက်တင်ဘာ ၃၀၊ ၂၀၂၄)

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် မဆင်မခြင်တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့ စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်ထောက်ပံ့တာတွေ ရပ်ဆိုင်းရေး ကုလသမဂ္ဂ လုံခြု့ရေးကောင်စီအနေနဲ့ ပိတ်ဆို့အရေးယူဖို့ လူ့အခွင့်အရေး အဖွဲ့ အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းက ကရင်နီနဲ့ ရှမ်းပြည်နယ် နပ်စပ် ဒုက္ခသည်စခန်းတခု ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် အသက် ၂ နှစ်နဲ့ ၁၆ နှစ်အကြား ကလေးငယ် ၆ ယောက်နဲ့ စစ်ဘေးရှောင် ၉ ယောက် သေဆုံးခဲ့တာကိုFortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တဲ ၄၉ လုံးနဲ့ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့လည်း မျက်မြင်သက်သေတွေနဲ့ ထိခိုက်ခဲ့သူတွေကို တွေ့ဆုံမေးမြန်းပြီး ဖေါ်ပြထားတာပါ။ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိတဲ့နေရာတွေမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းတွေ နေ့စဉ်လိုလို ထွက်နေချိန်မှာ Fortify Rights အဖွဲ့ကြီးရဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုချက် ထွက်လာတာပါ။

ပြီးခဲ့တဲ့ ၅ လအတွင်း မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု ၇၉၂ ရာခိုင်နှုန်း တိုးလာပြီး အမြှောက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရေအတွက် ၂၃၈ ရာခိုင်နှုန်း တိုးလာတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စာရင်းတွေကို Fortify Rights အဖွဲ့က ကိုးကားထားပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် ကလေးငယ် ၃၃၄ ယောက် အပါအဝင် အရပ်သား ၂၄၀၀ ကျော်သေဆုံးခဲ့တယ်လို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို ကိုးကားဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG