လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြို့ပင်ကောက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒီမိုကရက်တစ်ပါတီ-မြန်မာ မှ ဒေါ်ချိုချိုငြိမ်း က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနက် အမျိုးသမီးအရေအတါက်ဟာ ၈ ရာခိုင်နှုန်းထက် နဲနေတယ်လို့လည်း စာရင်းဇယားတွေအရ သိရပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု အခြေအနေနဲ့ပတ်သက်လို့ တချိန်က နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့သူ ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်း ကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်း က မေးမြန်းတင်ပြထားပါတယ်။