လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ယေဘူယျအားဖြင့် မကောင်းဘူးလို့ ယူဆထားကြပြီး နောက်ထပ် ဒီထက်များ ပိုဆိုးသွားမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အခြေအနေ၊ လက်ရှိအခြေအနေကို ဖြစ်ပေါ်စေသော အကြောင်းရင်းများနှင့် ဆောင်ရွက်သင့်သည့် အချက်များဆိုတဲ့ စာတမ်းတခုကို စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က UMFCCI မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ညီလာခံမှာ ပြောကြားခဲ့တဲ့ အဖွင့်အမှာစကားကို ကောက်နုတ်ပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၁) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။