သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပဆန်တင်ပို့မှုနှုန်း ကျင်ဆင်းရခြင်း အကြောင်းရင်း


ဘိုတထောင်ဆိပ်ကမ်းတွင် ဆန်သည်နေကြသည့် အလုပ်သမားများ။
ဘိုတထောင်ဆိပ်ကမ်းတွင် ဆန်သည်နေကြသည့် အလုပ်သမားများ။

မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုနှုန်းဟာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ထက်အတွင်း ယခင်နှစ် အလားတူကာလထက် တန်ချိန် ၂ သိန်းနီးပါး လျော့နဲခဲ့တဲ့အတွက် ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၇၂ သန်းလောက် ကျဆင်းသွားတယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ UMFCCI မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှစ်ပတ်လည် အစည်းအဝေးနဲ့ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲအတွင်း ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ တချိန်ထဲမှာပဲ မြန်မာပြည်တွင်းက ဆန်ဈေးနှုန်းဟာ နိုင်ငံတကာက ဆန်ဈေးတွေထက် မြင့်နေတယ်လို့ အဲဒီ အစည်းဝေးပွဲအတွင်း ထုတ်ဖော် ပြောဆိုလိုက်ကြပါတယ်။ နောက်ဆုံးဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဆန်ဈေးကွက် အခြေအနေတွေ သိရှိရအောင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG