သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးပညာဆိုင်ရာနိုဘယ်ဆု ကန်သိပ္ပံပညာရှင်နှစ်ဦးရရှိ


Thomas Perlmann, le secrétaire du Comité Nobel, à côté d'un écran affichant les lauréats du Prix Nobel de physiologie ou médecine 2021 David Julius (L) et Arden Patapoutian, lors d'une conférence de presse à l'Institut Karolinska de Stockholm, Suède, le 4
Thomas Perlmann, le secrétaire du Comité Nobel, à côté d'un écran affichant les lauréats du Prix Nobel de physiologie ou médecine 2021 David Julius (L) et Arden Patapoutian, lors d'une conférence de presse à l'Institut Karolinska de Stockholm, Suède, le 4

Zawgyi/Unicode

ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အမေရိကန် သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ David Julius နဲ့ Ardem Patapoutian တို့ နှစ်ယောက်က တနင်္လာနေ့ မှာ ရရှိသွားကြပါတယ်။ အပူနဲ့ထိတွေ့မှုဆိုင်ရာ အာရုံခံ နာဗ့်ကြောတွေကို ဖော်ထုတ်တွေ့ရှိခဲ့တဲ့အတွက် ချီးမြှင့်လိုက်တာဖြစ်တယ်လို့ အကဲဖြတ်လူကြီးများအဖွဲ့က ပြောပါတယ်။ သူတို့ တွေ့ရှိချက်ကြောင့် အပူနဲ့ ထိတွေ့မှု အာရုံတွေက အာရုံကြောတွေမှာ ဘယ်လို လှုပ်ရှားဖြစ်ပေါ်ပြီး သိစိတ်ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို နားလည်လာရတယ်လို့ အဖွဲ့က ဆိုပါတယ်။

Julius က San Francisco မှာ ရှိတဲ့ California တက္ကသိုလ်ကဖြစ်ပြီး Patapoutian က ကာလီဖိုးနီးယား ပြည်နယ် မှာရှိတဲ့ Scripps သုတေသနဌာနက ဖြစ်ပါတယ်။ သူတို့ ၂ ယောက်က ဆုကြေး ဒေါ်လာ ၁.၁ သန်းကို ခွဲဝေယူကြရမှာပါ။ မနှစ်တုံးကတော့ အသည်းယောင် ဗိုင်းရပ်စ် စီပိုးကို တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေကို ဆုချီးမြှင့်ခဲ့ကြပါတယ်။

ဆုအတွက် အဆိုပြုလွှာတွေကို ဇန်နဝါရီလကုန်မှာ ပိတ်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ရူပဗေဒ၊ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒ၊ ကြာသပတေးနေ့မှာ စာပေ၊ သောကြာနေ့မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုတွေကို ချီးမြှင့်မှာဖြစ်ပြီး လာမယ့် တနင်္လာနေ့ မှာ စီးပွါးရေး နိုဘယ်ဆုကို ကြေညာမှာပါ။

တိုက်ရိုက် လင့်ခ်

======

Unicode





#NobelMedicinePrize #DavidJulius #ArdemPatapoutian #VOABurmese

XS
SM
MD
LG