သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ မြန်မာကုလသံအမတ်ကြီးအစီရင်ခံ


 မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်း (ဓာတ်ပုံ - REUTERS)
မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်း (ဓာတ်ပုံ - REUTERS)

လူသားမျိုးနွယ်စုအပေါ် ကျုးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုတွေရဲ့ သားကောင်အဖြစ် မြန်မာပြည်သူတွေ မဖြစ်ရလေအောင် စစ်တပ် ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်း ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာ တနှစ် ပြည့်မြောက်တော့မယ့်အချိန်မှာပဲ အပြစ်မဲ့ ပြည်သူ ၁၄၀၀ ကျော် သေဆုံးခဲ့သလို ထောင်နဲ့ချီ ဖမ်းဆီး အထိန်းသိမ်းခံနေရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့အကြောင်း (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ရဲ့ (၅၆) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က တင်ပြခဲ့တာပါ။ မနေ့က ရက်စွဲနဲ့ ကြေညာချက် ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့စစ်တပ်ရဲ့ အင်အား အလွန်အကျွံ အသုံးပြုမှု နဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူတွေ ရဲ့ အိုးအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ကျန်းမာရေး အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ ပျက်ဆီးခဲ့ရသလို ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ အခြေအနေကိုလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက် သတ်မှတ်ထားတာ ကို စစ်ကောင်စီဘက် က ကန့်ကွက်ထားသလို၊ နိုင်ငံတော် သစ္စာဖေါက်မှုနဲ့လည်း သူ့ ကို တရားစွဲဆိုထားပါတယ်။

ဦးကျော်မိုးထွန်းအစား အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန် ကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ အမည်တင်သွင်းထားပါတယ်။ ကုလသမဂ္ဂ စီစစ်ရေးကော်မတီက သံအမတ်ကြီး အဖြစ် အတည်ပြုပေးမယ့် ဆုံးဖြတ်ချက် ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ရွှေ့ဆိုင်းထားပါတယ်။

.........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG