သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Deltacron ကိုဗစ်မျိုးကွဲသစ် ဆိုက်ပရပ်စ် သိပ္ပံပညာရှင်များ တွေ့ရှိ


သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က ကိုဗစ်စစ်ဆေးရေးနေရာတခုမှာ စစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေသူများ။ (ဇန်နဝါရီ ၅၊ ၂၀၂၂)
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က ကိုဗစ်စစ်ဆေးရေးနေရာတခုမှာ စစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေသူများ။ (ဇန်နဝါရီ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

ကမ္ဘာတဝန်းမှာ ကိုဗစ် အိုမီခရွန်ပိုးတွေ့သူ များလာသလို ကန့်သတ်ကြတဲ့ တိုင်းပြည်တွေလည်း တိုးများလာနေပြီး တချို့တိုင်းပြည်တွေမှာ ကန့်ကွက် ဆန္ဒပြတာတွေလည်း ရှိလာနေကြပါတယ်။

Deltacron လို့ အမည်ပေးထားတဲ့ ကိုဗစ်မျိုးကွဲအသစ်တမျိုးကို ဆိုက်ပရပ်စ်တက္ကသိုလ်က တွေ့ရှိတယ်လို့ Cyprus Mail သတင်းစာက ဆိုပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံ ၇ နိုင်ငံကလာမယ့် လေယာဉ်ခရီးတွေကို ဟောင်ကောင်မှာ အနည်းဆုံး ၂ ပတ်ကြာ ကန့်သတ်လိုက်တဲ့အတွက် စီးပွားရေး တိုးတက်မှု အလားအလာကို ထိခိုက်နိုင်တယ်လို့ Fitch Ratings အဖွဲ့က သတိပေးလိုက်ပါတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေရဲ့ ဒေသဆိုင်ရာ ရုံးချုပ်တွေက ဟောင်ကောင်မှာရှိတာမို့ ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ COVID-19 ကြောင့် တနင်္ဂနွေနေ့က သေဆုံးသူ ၁၆ ယောက်ရှိခဲ့ပြီး ကပ်ဘေးကာလ ၂ နှစ်အတွင်းမှာ အများဆုံးသေဆုံးမှုစံချိန် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မရှိမဖြစ် လုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေကိုတော့ အလုပ်ပြန်ဆင်းခွင့် ပေးခဲ့ပါတယ်။ သူတို့ဟာ နှာခေါင်းစည်း မတပ်မနေရ တပ်ထားရမှာဖြစ်ပြီး နေ့တိုင်း ပိုးရှိမရှိ စစ်ဆေးရမှာ ဖြစ်ပါတယ်။

ပြင်သစ်မှာတော့ နိုင်ငံတဝန်း စုစုပေါင်း လူ ၁ သိန်းကျော်ဟာ ကန့်သတ်မှုအသစ်တွေကို ကန့်ကွက် ဆန္ဒပြကြပါတယ်။

ဂျာမနီနိုင်ငံမှာတော့ အများပြည်သူဆိုင်ရာ ပွဲတွေနဲ့ စားသောက်ဆိုင် ဘားဆိုင်တွေကို သွားရင် ကာကွယ်ဆေး အပြည့်ထိုးပြီးကြောင်း အထောက်အထား ဒါမှမဟုတ် ကိုဗစ်ပိုး စစ်ဆေးတာ မတွေ့ရှိကြောင်း ပြသရမယ်လို့ ဝန်ကြီးချုပ် Olaf Scholz က သောကြာနေ့က ကန့်သတ်လိုက်တဲ့အတွက် မြို့တော်တော်များများမှာ စနေနေ့က ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ပိုးတွေ့သူက အရင်အပတ် တပတ်တွင်း ၄ ဆ တက်လာခဲ့တာကြောင့် နယူးဒေလီမြို့မှာ အသွားအလာ ကန့်သတ် ချုပ်ထိန်းလိုက်ပါတယ်။ မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီး ဆိုင်တွေ ပိတ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------

(Unicode)

Deltacron ကိုဗဈမြိုးကှဲသဈ ဆိုကျပရပျဈ သိပ်ပံပညာရှငျမြား တှေ့ရှိ








XS
SM
MD
LG