(Zawgyi / Unicode)
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် ၂၀၂၀ ပြည့်နှစ် အမေရိကန် သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူရမယ့် နေ့ရက်ကို ၂ ပတ်ကြာ တိုးမြှင့် ရေ့ွှ့ဆိုင်းလိုက်ပါတယ်။
သန်းခေါင်စာရင်း အမည်ပေးဖို့ အိမ်တိုင်ရာရောက် သွားရောက်သတိပေးမယ့် နောက်ဆုံးရက်ကို ဇူလိုင် ၃၁ ရက်က သြဂုတ်လ ၁၄ ရက်အထိ ရွှေ့ဆိုင်းမယ်လို့ အမေရိကန် သန်းခေါင်စာရင်းဌာန နယ်မြေခံရုံး လုပ်ငန်းဆိုင်ရာ ဒါရိုက်တာ Tim Olson က ပြောပါတယ်။
သန်းခေါင်စာရင်း ကောက်ယူရာ နယ်မြေခံရုံးတွေကိုတော့ ၂ ပတ်ကြာ ပိတ်ပင်ဖို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ သန်းခေါင်စာရင်းက လူဦးရေကို အခြေခံပြီး ပြည်နယ် ၅၀ က ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနယ်တွေကို ပြောင်းလဲ သတ်မှတ်လေ့ ရှိပါတယ်။
ဗဟိုအစိုးရက အထောက်အပံ့ အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံကို ခွဲဝေပေးအပ်ရာမှာလည်း ဒီ သန်းခေါင်စာရင်းအရ ပေးအပ်မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအတွင်း နေထိုင်သူအားလုံး ပြီးခဲ့တဲ့အပတ်ထဲက my2020census.gov မှာ သန်းခေါင်စာရင်း အမည်စာရင်း ပေးသွင်းနိုင်ကြပါတယ်။ အဲဒီလို အမည်စာရင်းပေးဖို့လည်း တအိမ်ချင်းစီကို စာပေးဖို့ သတိပေးထားပါတယ်။
---------------------------------
(Unicode)