သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်အမတ်တွေ ထရမ့်ကို တရားစွဲဖို့ ခွင့်ပြုချက်ရ


အထက်လွှတ်တော်အမတ် Richard Blumenthal ၊ အောက်လွှတ်တော်တရားရေးကော်မတီအဖွဲ့ဝင် John Conyers, Jr. နဲ့ အထက်လွှတ်တော်အမတ် Pat Leahy (ဝဲမှယာ)
အထက်လွှတ်တော်အမတ် Richard Blumenthal ၊ အောက်လွှတ်တော်တရားရေးကော်မတီအဖွဲ့ဝင် John Conyers, Jr. နဲ့ အထက်လွှတ်တော်အမတ် Pat Leahy (ဝဲမှယာ)

အမေရိကန် အထက်နဲ့အောက် လွှတ်တော်အမတ် ၂၀၀ ထက်မနည်းက သမ္မတ Donald Trump ကို တရားစွဲ ဆိုဖို့ ပြင်ဆင်နေတဲ့အပေါ် ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ ဝါရှင်တန် ဒီစီမှာရှိတဲ့ ပြစ်မှု ဆိုင်ရာ တရားရုံးရဲ့ တရားသူကြီးတဦးက ခွင့်ပြုလိုက်ပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွတ်တော်ရဲ့ အတည်ပြုချက်မရဘဲ ပြည်ပအစိုးရဆီက အကျိုး အမြတ်တွေရယူတာ၊ ဒါမှမဟုတ် လက်ဆောင်ပစ္စည်းတွေလက်ခံတာမျိုးကို မလုပ်ရဘူးဆိုတဲ့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံပါ အခြေခံပြဌာန်းချက်ကို သမ္မတ Trump က ချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အမတ်တွေက စွပ်စွဲထားပါတယ်။ ဝါရှင်တန်ဒီစီ တရားရုံး တရားသူကြီး Emmet Sullivan က မနေ့ သောကြာနေ့မှာ အဲဒီလို ခွင့်ပြုမိန့်ချလိုက်တာပါ။

သမ္မတ Trump ရဲ့စီးပွါးရေးလုပ်ငန်းတွေ ကမ္ဘာတဝှမ်းလုံးမှာ ရှိနေပြီး ဝါရှင်တန်က Trump ဟိုတယ် မှာ ဆိုရင် လည်း သမ္မတ အိမ်ဖြူတော်ကို လာရောက်ကြတဲ့ နိုင်ငံခြားက အဆင့်မြင့်အရာရှိတွေ တခါတရံ တည်းခိုလေ့ ရှိပါတယ်။ သမ္မတ Trump က သူ့ရဲ့စီးပွါးရေးလုပ်ငန်းအားလုံးကို ပိုင်ဆိုင်သူ အဖြစ် ဆက်ရှိနေပေမယ့် အုပ်ချုပ်ရေးပိုင်းကိုတော့ သူ့ရဲ့သားတွေကို ပေးအပ်ထားတာပါ။ ဝေဖန်ရေးသမားတွေကတော့ အဲဒီလောက် လုပ်ရုံနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။

လွှတ်တော်အမတ်တွေဘက်က သမ္မတကို တရားစွဲဆိုဖို့ တရားရုံးက ခွင့်ပြုလိုက်တာဟာ အမေရိကန် ပြည် ထောင်စုမှာ သမ္မတ အပါအဝင် ဘယ်သူမှ ဥပဒေအထက်မှာ မရှိဘူးဆိုတာ ပြသလိုက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် လစ်ဘရယ် တရားရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Constitutional Accountability Center ဥက္ကဋ္ဌ Elizabeth Wydra က ပြောပါတယ်။

ဒီအဖွဲ့က လွှတ်တော်အမတ်တွေဘက်က ကိုယ်စားပြုပေးမှာဖြစ်ပါတယ်။ အစိုးရဘက်ကသမ္မတ Trump ကို တရားရုံးမှာ ဆက်ပြီး ကာကွယ်သွားမယ်လို့ တရားရေးဌာနကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG