သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုးလမ်းမစီမံကိန်းကို အများလက်ခံနိုင်အောင် တရုတ်ပြုပြင်မည်


တရုတ်နိုင်ငံ၊ ပေကျင်းမှာ ကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း Forum ကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်များနဲ့အတူ တရုတ်သမ္မတ ရှီနဲ့ သမ္မတကတော်တို့ အမှတ်တရ ဓာတ်ပုံ။
တရုတ်နိုင်ငံ၊ ပေကျင်းမှာ ကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း Forum ကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်များနဲ့အတူ တရုတ်သမ္မတ ရှီနဲ့ သမ္မတကတော်တို့ အမှတ်တရ ဓာတ်ပုံ။

ခေတ်သစ်ပိုးလမ်းမလို့ခေါ်တဲ့တရုတ်အစိုးရရဲ့စီမန်ချက်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူး၊ သဘာဝ ပတ်ဝန်းကျင်ထိ ခိုက်မှုတွေရှိတယ်၊ အခြေခံအဆောက်အဦး တည်ဆောက်မှုတွေအတွက် ဘဏ္ဍာရေးကိစ္စ တွေမှာ အကြွေးပြဿနာရှိတယ် စတဲ့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။

ဒီဝေဖန်မှုတွေကိုရင်ဆိုင်ပြီးပြုပြင်မှုတွေလုပ်သွားဖို့ တရုတ်အစိုးရက အချက်ပြ ပြောဆို လိုက်ပါတယ်။ ခေတ်သစ်ပိုးလမ်းမ ဒုတိယအကြိမ်ညီလာခံကို တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာကျင်းပနေပြီး အဲဒီမှာ ပြောခဲ့တဲ့ တရုတ်သမ္မတရှီကျင်းပင်ရဲ့မိန့်ခွန်းထဲမှာ ဒီစီမန်ကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ အာရှဒေသတွင်းက လုပ် ဖေါ်ကိုင်ဖက်နိုင်ငံ တွေရဲ့ဝေဖန်မှုတွေကို တရုတ်အစိုးရအနေနဲ့ သတိထားတဲ့အကြောင်း၊ အားလုံးဟာ ပွင့်လင်း မြင်သာ မှုရှိသင့်ကြောင်း၊ အကျင့်ပျက်ချစားမှုတွေကိုလည်း လုံးဝလက်မခံ သင့်ကြောင်း ညပြောဆိုခဲ့ပါတယ်။

အခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီဖြစ်အောင် လုပ်ဖို့ ဝေဖန်အပြစ်တင်မှုတွေအတွက် ရေရှည် အကြွေးမတင်ရေး ကူညီမယ့်အစီအစဉ်တရပ်ကို တရုတ်အစိုးရက အခုကမ်းလှမ်းမှာဖြစ်ကြောင်း သမ္မတ ရှီကပြောခဲ့ပါတယ်။ အခုတခေါက်ညီလာခံမှာပြောခဲ့တဲ့သမ္မတရှီရဲ့မိန့်ခွန်းက ပထမ အကြိမ်ညီလာခံတုန်းကနဲ့မတူပါဘူး။ အခု ညီလာခံ မှာ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းက နိုင်ငံတွေ၊ တိုက်ကြီးတွေကိုချိတ်ဆက်ပြီး ဘာတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုချမပြဘဲ ဒီစီမံကိန်းအပေါ်ဝေဖန်မှုတွေနဲ့ အကျင့်ပျက်ချစားမှုတွေ၊ ဒီစီမံကိန်းမှာ တရုတ်ကုမ္ပဏီ တွေရဲ့ လွှမ်းမိုးမှုတွေ အကြောင်းကိုပဲ သမ္မတရှီကျင်းပင် အဓိကထားပြောခဲ့ပါတယ်။

အခုကျင်းပနေတဲ့ညီလာခံက ဒီကနေ့ပဲပြီးဆုံးမှာပါ။ တရုတ်အထောက်အပံ့နဲ့လုပ်နေတဲ့ အခြေခံ အဆောက်အဦး ဆိုင်ရာ စီမံကိန်းတွေကို ဘဏ္ဍာရေးထောက်ပံ့မှုတွေ လုပ်သွားဖို့ နိုင်ငံခြားနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ဒီညီလာခံမှာဖိတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စား ဒီညီလာခံ ကိုတက်ရောက်နေတာကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရှီကျင်းပင်တို့ ဧပြီလ၂၄ရက်နေ့ကတွေ့ဆုံခဲ့ကြပြီး တရုတ်မြန်မာ၂ နိုင်ငံ အကြား ဖွင့်ဖြိုးမှုဆိုင်ရာ သဘောတူစာချုပ်တွေကိုလက်မှတ်ထိုးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG