ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အနောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA အဖွဲ့တွေ ဒီနေ့ ဇန်နဝါရီ ၂၈ ရက် သောကြာနေ့မှာ တိုက်ပွဲတွေဖြစ်ခဲ့ရာ မနေ့ထဲက တိုက်ပွဲတွေ စဖြစ်နေတာဖြစ်ပြီး၊ ကွတ်ခိုင်မြို့ဘက်ကို စစ်တပ်က ဒီနေ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့ ဒေသခံတွေက ပြော
ချင်းပြည်နယ်ဖလမ်းမြို့နယ်မှာ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့ ဝန်ထမ်း(၇)ဦးကို စစ်ကောင်စီ ကနေ မနေ့ညပိုင်းက ဖမ်းဆီးသွားပါတယ်။ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ကနေ ပညာရေးဝန်ထမ်းတွေ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့ ဖိအားပေးလာတဲ့အပေါ်မှာ၊ တုန့်ပြန်လာတယ်လို့ ဒေသခံတွေ ယူဆကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူတွေအတွက် နေထိုင်ရေးလုံခြုံဖို့ မီဇိုရမ်ပြည်နယ်အစိုးရကနေ Refugee ID ကဒ် ထုတ်ပေးသွားဖို့ အစီစဉ်ရှိတယ်လို့ မီဇိုရမ်ပြည်နယ် လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ စစ်တပ်တွေ ဝင်ထွက်သွားလာတာ၊ ကျေးရွာတချို့မှာ စခန်းချနေတာတွေကြောင့် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ပီးချောင်းဒေသဖက်ကို စစ်တပ်တွေ ဝင်လာတာကြောင့် ၂ ဘက်တိုက်ပွဲတွေဖြစ်မှာစိုးရိမ်ပြီး ပီထုကျေးရွာက ဒေသခံ တစ်ချို့ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြ
တကမ္ဘာလုံး စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုဟာ ၂၀၅၀ ခုနှစ်မှာ ၇၀ % အထိ တက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဖင်လန်နိုင်ငံမှာတော့ ဉာဏ်ရည်တု နည်းပညာ အကူအညီနဲ့ စွန့်ပစ်ပစ္စည်း ပြန်လည် သန့်စင်မှုနှုန်းကို မြှင့်တင်ထားပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်မြတ်သူက တင်ပြထားပါတယ်။
ချင်းပြည်နယ်ထဲက ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေချိန်မှာ အဓိကဆက်သွယ်လမ်းကြောင်း ပိတ်ဆို့နေတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေ
မြန်မာစစ်ကောင်စီဟာ လူထုလက်မခံတဲ့ကြားက အတင်းအကျပ်နည်းနဲ့ အာဏာရယူဖို့ ကြိုးစားနေတာဟာ မှားယွင်းတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ အစီရင်ခံစာသစ်မှာ ဝေဖန်ထားပါတယ်။ HRW ရဲ့ ၂၀၂၂ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်မြတ်သူက တင်ပြထားပါတယ်။
“တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တယ်ဆိုပြီးတော့ မတက်လာဖို့နော်၊ အဲဒီလိုမျိုး သူတို့ထုတ်ပြန်တာတော့ရှိတယ်။ အခုကားတွေလည်း မသွားဘူးလို့ကြားတယ်။ ဘယ်ကားမှလည်း ကလေးမြို့ကနေလေ-ဟိုဘက်ကနေလည်း ဆင်းလာတာမရှိဘူးပေါ့နော်။” (ကလေးမြို့ခံ)
အိန္ဒိယနိုင်ငံ တဝန်း ကိုဗစ် မျိုးကွဲ Omicron ကူးစက်မှုတွေကြောင့် ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ အချိန်မှာပဲ အသက် ၁၅ နှစ်ကနေ ၁၈ နှစ် အရွယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ VOA သတင်းထောက် Anjana Pasricha နယူးဒေလီကနေ သတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူက တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ် မော်တော်ယာဉ်တွေ မကြာမကြာဆိုသလို မိုင်းထောင်တိုက်ခိုက်ခံရတဲ့ ပုလဲမြို့အနီးကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းကနေ နယ်မြေရှင်းလင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
“ညောင်ပင်ကြီးတောမှာ လေယာဉ်သုံးပြီး ပစ်ရှင်းရှင်းရလောက်အောင် အဲ့မှာ ဘာပြဿနာမှ မဖြစ်ထားဘူး။ နာရီဝက်နီးနီး ရွာပေါ်မှာဝဲပြီး ပစ်တာ။ မိုင်းကွင်းတွေ ရှိလိမ့်မယ်လို့ထင်ပြီး ပစ်တာလို့ထင်တယ်။ ပိတ်မိနေတဲ့သူတို့လူတွေ ပြန်ထွက်ဖို့ လမ်းရှင်းတာလို့ထင်တယ်။ လေယာဉ်ကနေ အင်အား ၃၀ လောက်ချတယ်။” (ပြည်သူ့ကာကွယ်ရေးအဖွဲ့)
၂၀၂၁ ခုနှစ်ရဲ့ အာကာသ စူးစမ်းလေ့လာမှုရဲ့ ထူးခြားတဲ့ မှတ်တိုင်တွေထဲမှာ ဘီလျံနာသဌေးကြီးတွေ အာကာသထဲ အလည်သွားတာ၊ နာဆာနဲ့တရုတ်တို့ရဲ့ ဂြိုလ်ဆင်းယာဉ်ငယ်တွေ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်နိုင်ခဲ့တာတွေဟာ ထူးခြားပါတယ်။
“မနေ့က ဖြစ်တာကတော့ ၈ ခွဲလောက် စဖြစ်တာ။ မင်္ဂလာမူဆယ်ဘက်က စဖြစ်တာ။ မင်္ဂလာမူဆယ်ဆိုတာ စီးပွားရေးဇုံ လုပ်တဲ့နေရာပေါ့။ ပစ်ခတ်ကြတာတော့ နှစ်ဖွဲ့ပဲ၊ ပြည်သူ့စစ်လို့ ပြောကြတာပဲ။ သေတာကတော့ တယောက်တည်းပဲ။ ဒဏ်ရာရတဲ့သူတွေကတော့ နှစ်ယောက်လား၊ သုံးယောက်လားမသိဘူး။ အဲလောက်တော့ ရှိတယ်။” (မူဆယ်မြို့ခံ)
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ တပတ်လောက်က ဖမ်းဆီးထားတဲ့မွတ်ဆလင် ၇၆ ဦးထဲက ၃၃ ယောက်ကို လဝကဥပဒေနဲ့ တောင်ကုတ်မြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ်စီချမှတ်လိုက်ပါတယ်။
ကမ္ဘာ့လူသားတွေအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း ရောဂါကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရပေမယ့်၊ အကာသသိပ္ပံဆိုင်ရာ အောင်မြင်မှုတွေအတော်များများရရှိခဲ့ပါတယ်။
“ထွေအုပ်ရုံးမှာကတည်းက ခရီးသွားလာခွင့်ကို စာတင်ရတယ်။ အဲဒီကသတ်မှတ်ပေးမှပဲ သွားရတယ်။ အစစ်အဆေးတွေကလည်း ခလရ ၂၈၉ မှာ မနက် ၈ နာရီကနေ စစစ်တာ ၉ နာရီခွဲအထိတောင် အချိန်ကြာတယ်။ သွားချင်တာကို လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ အကန့်အသတ်နဲ့ သွားလာနေရတဲ့အနေအထားပဲ ရှိပါသေးတယ်။” (ကိုတင်ထွန်းအောင်-ပလက်ဝဒေသခံ)
ဘိုရင်း ဂျက်လေယာဉ်ကြီးကတဆင့် အာကာသဆီ ဒုံးပျံပစ်လွှတ်နိုင်ခဲ့တာကနေစလို့ အင်္ဂါဂြိုလ်ပေါ်မှာ ရဟတ်ယာဉ်ပျံသန်းနိုင်ခဲ့ခြင်းအလယ်၊ စင်္ကြာဝဠာလေ့လာရေး မှန်ပြောင်းသစ် ပစ်လွှတ်မှုအဆုံး တနှစ်ပတ်လုံးမှာ လူသားတွေဟာ သိပ္ပံဆိုင်ရာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ CDF နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့နယ်ခွဲကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေပါတယ်။
အလုပ်အကိုင်ရှာဖွေဖို့ တောင်ကုတ်ကနေ ရန်ကုန်ကိုသွားဖို့ ၆ ဘီး ကုန်တင်ယာဉ်နဲ့ခိုးဝှက်သယ်ဆောင်လာတဲ့ မွတ်ဆလင် ၇၇ ယောက်ကို တောင်ကုတ်မြို့နယ်ကြိုးကြာကွေ့အုပ်စုမှာဖမ်းဆီးရခဲ့ပြီး အမျိုးသားတဦးကတော့ အသက်ရှူကြပ်ပြီး သေဆုံးနေပြီးဖြစ်ကြောင်း ဖမ်းဆီးရာမှာပါဝင်ခဲ့သူ ရဲအရာရှိတဦးက ပြောပါတယ်။
“၇၀၊ ၈၀ ဝန်းကျင်ကတော့ ရှိတယ်နော်။ ရေကန်ထဲကိုပဲ တောက်လျှောက်ထိုးချသွားတာ။ အခုကျနော်တို့ ဒီမှာရှာဖွေနေတာကတော့ ကြိုးနဲ့ချိတ်နဲ့ ပစ်ပစ်ပြီးမှတော့ ရှာကြည့်နေကြတယ်။ ရုပ်အလောင်းတွေကတော့ မတွေ့နိုင်သေးဘူး၊ မရနိုင်သေးဘူး ဖြစ်နေတယ်။” (လုံးခင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံလွင်)
နောက်ထပ်ကြည့်ရှုရန်