သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကွန်မြူနစ်ပါတီဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲမည်


၂၀၁၂ တုန်းက ကျင်းပတဲ့ တရုတ်ကွန်မြူနစ် ပါတီညီလာခံ
၂၀၁၂ တုန်းက ကျင်းပတဲ့ တရုတ်ကွန်မြူနစ် ပါတီညီလာခံ

တရုတ်ကွန်မြူနစ်ပါတီညီလာခံ မတိုင်ခင်မှာ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူလိုက်တဲ့အကြောင်း တရုတ်ကွန်မြူနစ်ပါတီက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်နဲ့အတူ ပြင်ဆင်ချက်ထဲမှာ သမ္မတ ရှီကျင့်ပင်ရဲ့ နာမည်ကို ထည့်သွင်းပြီး သူ့ရဲ့ ဂုဏ်သမိုင်းကို အမွမ်းတင် ဖော်ပြ လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလဲ ထွက်လာပါတယ်။

ပါတီညီလာခံမတိုင်ကျင်းပတဲ့ မျက်နှာစုံညီအစည်းအဝေး အဆုံးမှာ ပါတီအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တခုကို အတည်ပြုခဲ့ ကြတယ်လို့ ကွန်မြူနစ်ပါတီဗဟိုကော်မတီက ပြောပါတယ်။ ငါးနှစ်တကြိမ်ကျင်းပတဲ့ ပါတီညီလာခံက ဗုဒ္ဓဟူးနေ့မှာ စတင်မှာ ဖြစ်ပြီး သမ္မတရှီရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုပြီး ခိုင်မာအားကောင်းလာတာကို မြင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

ပါတီညီလာခံအတွင်း သမ္မတရှီကို ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဒုတိယ ငါးနှစ်သက်တမ်းအတွက် လုပ်ရိုး လုပ်စဉ်အတိုင်း အတည်ပြုခန့်ထားမယ်လို့ ခန့်မှန်းထားပြီး အဲဒါဟာ မစ္စတာရှီအနေနဲ့ ဒုတိယငါးနှစ် သမ္မတသက်တမ်းအတွက်ပါ အတည်ဖြစ်မယ့် သဘောပါပဲ။

ပါတီညီလာခံမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ဖြစ်လိမ့်မယ်လို့လဲ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြပါတယ်။ တရုတ်နိုင်ငံ အုပ်ချုပ်ရေးကို အဓိကကြိုးကိုင်နေတဲ့ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ခုနစ်ဦးထဲက ငါးဦးကို အစားထိုး ခန့်ထားဖို့ ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG