ဒီနှစ်အတွင်း ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ခုံသမာဓိ လူကြီးနေရာက သမာသမတ်ကျကျ တာဝန်ယူ လုပ်ဆောင်ရမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် လူကြီးတွေဟာ သူတို့တာဝန်အတိုင်း မှန်မှန်ကန်ကန် မျှမျှတတ ဘယ်ဘက်မှမလိုက်ဘဲ လုပ်ဆောင် နေတယ်လို့ ထင်ကြပါသလားဆိုတာကို ဆွေးနွေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၊ အမေရိကန်နိုင်ငံ အခြေစိုက် ဥပဒေပညာရှင် ဒေါက်တာ အင်ဒရူး ငုံကျုန်းလျံတို့နဲ့ သောတရှင်တွေကို ကိုကျော်ကျော်သိန်းက တွေ့ဆုံ ပေးထားပါတယ်။