Coronavirus ပိုးကူးစက်နေမှုကြောင့် စပိန်နိုင်ငံမှာ ဖေဖော်ဝါရီလ ၂၄ ရက်စတင်မယ့် ကြိုးမဲ့ဆက်သွယ်ရေး ကုန်စည်ပြပွဲကြီးကို ဖျက်ခဲ့ပါတယ်။ ကမ္ဘာတဝန်း ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်းကြီးတွေက သူတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေ၊ ပစ္စည်းအသစ်အဆန်းတွေကို ပွဲထုတ်ပြသလေ့ရှိတဲ့ ကုန်စည်ပြပွဲကြီးမှာ Coronavirus ပိုးကူးစက်နေမှုကြောင့် ဒီနှစ်မပါတော့ဘူးလို့ ကမ္ဘာ့ထိပ်တန်း နည်းပညာလုပ်ငန်းကြီးတချို့က ကြေညာခဲ့ပြီးနောက်မှာ ခုလိုပွဲကို ဖျက်လိုက်တာဖြစ်ပါတယ်။ Coronavirus ပိုးကူးစက်မှုက ကြိုးမဲ့ဆက်သွယ်ရေး လုပ်ငန်းကြီးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
Unicode: