Huawei စမတ်ဖုန်းသစ်တွေမှာ Google Play အပါအဝင် Google ရဲ့ဝန်ဆောင်မှုတွေ၊ App တွေ ထည့်သွင်းသုံးခွင့်လိုင်စင်ကို Google ကုမ္ပဏီက ရပ်ဆိုင်းခဲ့တာက မြန်မာနိုင်ငံထဲက Huawei ဖုန်းသုံးနေသူ တဝက်လောက်ကိုပဲ ထိခိုက်လိမ့်မယ်လို့ မြန်မာနိုင်ငံ နယ်စုံမှာ လက်ကိုင်ဖုန်းတွေရောင်းချတဲ့ လူကြီးမင်းဖုန်းဆိုင်ပိုင်ရှင်က ပြောပါတယ်။ ဘယ်လိုကြောင့်ပါလဲ။ လက်ရှိမြန်မာနိုင်ငံ စမတ်ဖုန်းဈေးကွက်ထဲမှာ Huawei က နံပါတ် ၂ နေရာမှာ ရှိနေတာမို့ Google ရဲ့ကန့်သတ်မှုတွေကြောင့် စမတ်ဖုန်းရောင်းသူတွေအပေါ်ရော ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။