မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်းသုံးစွဲသူ ၉၀% ကျော်ထဲက စမတ်ဖုန်းသုံးသူ ၈၀% နီးပါးလုံး သတင်းတွေကို Online ပေါ်ကနေ အထူးသဖြင့် Facebook ပေါ်ကနေ ရယူကြတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။ သတင်းအချက်အတွက် Facebook ကို အများစုအဓိက အားကိုးနေကြတဲ့အတွက် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံနည်းပညာ တိုးတက်ရေးဆောင်ရွက်နေကြသူတွေက သုံးသပ်နေကြပါတယ်။ Facebook က အဓိကသတင်းဇစ်မြစ်လိုဖြစ်နေတဲ့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်သလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။