ဖိနပ်စီတဲ့နေရာကို ဖိနပ်ကသူ့အလိုလိုလာပြီး ညီညီညာညာစီနိုင်တဲ့ အိမ်တွင်းစီးဖိနပ်တွေကို Nissan ကားကုမ္ပဏီက တီထွင်လိုက်ပါတယ်။ နောက်ဆုံးပေါ် Leaf ဆိုတဲ့ ဘက်ထရီကားမှာသုံးထားတဲ့ သူ့အလိုလိုကား Parking ထိုးနိုင်တဲ့နည်းပညာကိုအခြေခံပြီး အိမ်တွင်းစီးဖိနပ်တွေကို ထွင်ထားတာပါ။ ကမ္ဘာကျော် ကားကုမ္ပဏီကြီးက ခုလိုအိမ်တွင်းစီးဖိနပ်တွေကို ဘာကြောင့် တီထွင်ရတာလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ရှင်းပြထားပါတယ်။