ကိုဗစ်ကာကွယ်ဆေးအတွက် ဗြိတိန်ရောက် မြန်မာတွေရဲ့အလှူ
မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေကို ဗြိတိန်ရောက် မြန်မာတချို့က Online ပေါ်ကနေ ကောက်ခံတာ စတာလင်ပေါင်း ၆ သောင်းကျော်၊ မြန်မာကျပ်ငွေနဲ့ဆို သိန်း ၁ ထောင်ကျော် ရရှိထားပါတယ်။ စီစဉ်သူတယောက်ဖြစ်တဲ့ Barnsley မြို့ Barnsley ဆေးရုံက သမားတော်ကြီး ဒေါက်တာသင်းသင်းကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။