ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မတရားဖမ်းဆီးခြင်း ခံထားရတဲ့ ဒေါက်တာထွန်းအောင် အမှု၊ ပြစ်ဒဏ်၊ တရားစီရင်ရေး လုပ်ပုံလုပ်နည်း၊ ဆောင်ရွက်လုပ်ကိုင် ဆုံးဖြတ်ချက်ဆိုင်ရာများကို ဟောင်ကောင် (Hong Kong) အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ (Asian Human Rights Commission ) အကျိုးဆောင်ရှေ့နေ ဦးမင်းလွင်ဦး နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီနိုင်ငံတခုမှာ ဥပဒေစိုးမိုးရေး နဲ့ မျှတတဲ့ တရားစီရင်မှုဆိုတာဟာ နိုင်ငံသားတွေအားလုံးရဲ့ လုံခြုံရေးနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ရေးအတွက် အလွန်အရေးပါပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘင်္ဂလီ မူစလင်တွေ ရိုဟင်ဂျာတွေအကြား အထိကရုဏ်းမှာ လှုံဆော်ခဲ့လို့ဆိုပြီး ဒေသခံ မူစလင်အသိုင်းအဝိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာထွန်းအောင် ကို နိုဝင်ဘာလအတွင်းမှာ မြန်မာအစိုးရ ခုံရုံးတခုကနေ ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအပြစ်ဒဏ်နဲ့ တရားစီရင်မှုဟာ လုံးဝမျှတမှု မရှိဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီအဖွဲ့ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးမင်းလွင်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးမင်းလွင်ဦး ။ ။ ဒေါက်တာထွန်းအောင်ကတော့ အသက် (၆၈) နှစ်လောက်ရှိပြီ။ မန္တလေး ဆေးတက္ကသိုလ်ကဆင်းပြီးတော့ ရခိုင်ပြည်နယ် မောင်းတောမြို့မှာ ဆေးခန်းဖွင့်ပြီးတော့ အသက်မွေးဝမ်းကြောင်း လုပ်နေတဲ့လူ၊ မူစလင်တဦးလည်း ဖြစ်တယ်။ ဒါပေမဲ့ သူက ဘင်္ဂလီလူမျိုးတော့ မဟုတ်ဘူး။ မြန်မာကြီးလူမျိုးလို့ ပြောတယ်။ ပညာတတ်တဦးလည်း ဖြစ်တယ်။ နောက်ပြီးတော့ မူစလင်အသိုင်းအဝိုင်းထဲမှာလည်း ဥက္ကဋ္ဌလည်း ဖြစ်တယ်။ မူစလင်လူထု တော်တော်များများက သူကို ရိုရိုသေသေ လေးစားကြတာကိုတော့ ကျနော်တို့ သိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မူစလင် အသိုင်းအဝိုင်းရဲ့ ဥက္ကဋ္ဌဆိုတော့ ဘယ်လိုအသိုင်းအဝိုင်းကို ပြောတာလဲ ခင်များ။ ရိုဟင်ဂျာ အဖွဲ့အစည်းတို့ကို ပြောတာလား။ ဒါမှမဟုတ် ...
ဦးမင်းလွင်ဦး ။ ။ အဲဒီလို မဟုတ်ပါဘူး။ သူတို့ အစ္စလာမ်အဖွဲ့အစည်းတွေရဲ့ ဥက္ကဋ္ဌ တာဝန်။ အိုမန်အဖွဲ့ရဲ့ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ စသဖြင့်ပေါ့။ အဲဒီ ရပ်မိရပ်ဖလိုမျိုး တာဝန်တွေကို ယူထားတဲ့လူပါ။ အဲဒီ ရိုဟင်ဂျာဆိုပြီး သီးသန့်ကြီး ယူထားတဲ့သူ မဟုတ်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ရခိုင်ပြည်ထဲမှာ ဖြစ်ခဲ့တဲ့ ဒေသတွင်း အထိကရုဏ်းတွေကတော့ တော်တော်လေး ရုပ်ဆိုးပါတယ်။ နှစ်ဖက် အပြန်အလှန် သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေနဲ့ ပြဿနာအကြီးအကျယ် ဖြစ်ခဲ့ရတယ်ဆိုတော့ အစိုးရအနေနဲ့လည်း ဒီကိစ္စကို ဥပဒေ စိုးမိုးရေးဟာ ဒေသတွင်း တည်ငြိမ်ရေးဟာ အဓိကဖြစ်တယ်လို့ ယူဆပြီးတော့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့တယ်။ တင်းတင်းကြပ်ကြပ် စစ်အုပ်ချုပ်ရေး ဘာညာ ကြေညာပြီးတော့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့တယ်ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ ဒီအနေအထားမှာ ဒေသခံခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးထွန်းအောင်လည်း အဖမ်းခံခဲ့ရပြီးတော့ နိုဝင်ဘာလထဲမှာတော့ ထောင်ဒဏ် (၁၁) နှစ် ချခံလိုက်ရတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီ တရားခွင်နဲ့ ပတ်သက်လို့၊ စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ဦးမင်းလွင်ဦးတို့ရဲ့ ဟောင်ကောင်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းက ဘာတွေများ သိထားပါသလဲ။
ဦးမင်းလွင်ဦး ။ ။ ဦးထွန်းအောင်ကို စွဲဆိုထားတဲ့ အမှုတွေ တော်တော်များများ ရှိပါတယ်။ ပထမဦးဆုံး ပြောရမယ်ဆိုရင် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ (၅ ည) အရ ဖမ်းဆီးအရေးယူထားတယ်ဆိုတာကို ပထမဦးဆုံး ပြောချင်တယ်။ အဲဒီလိုမျိုး ပုဒ်မနဲ့ အရေးယူမယ်ဆိုလို့ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားဝင်ခွင့်ပြုမိန့် ကြိုတင်တောင်းခံရပါမယ်။ အဲဒီလို ကြိုတင်တောင်းခံပြီးလို့ ဖမ်းဆီးမိန့် ရမှသာ ဒီလူကို ဖမ်းဆီးပြီးတော့ အရေးယူဆောင်ရွက်ရမှာ ဖြစ်တယ်။ အခု ကျနော်တို့ စာရွက်စာတမ်းတွေ၊ တရားရုံးမှာ တင်သွင်းတဲ့ သက်သေခံ အထောက်အထားတွေကို ကြည့်လိုက်တဲ့အခါမှာ အဲဒီလို ရယူထားတာကို ကျနော်တို့ မတွေ့ရဘူး။ ဒါက ပထမဦးဆုံး မှားတဲ့အချက်လို့ ကျနော်တို့အနေနဲ့ ဥပဒေအရ ချို့ယွင်းနေတဲ့အချက်လို့ ပြောချင်တယ်။ နောက်တခါ ဒီလို မူခင်းတွေဖြစ်တဲ့အခါမှာ သက်ဆိုင်ရာ မူခင်းဖြစ်တဲ့ဒေသမှာ အမူကိုစစ်ဆေးစီရင်ရမှာဖြစ်တယ်။ သို့သော်လည်းပဲ မောင်းတောမှာဖြစ်တဲ့ မူခင်းတွေကို မောင်းတောမှာ စစ်ဆေးစီရင်ခြင်း မပြုဘဲနဲ့ စစ်တွေခရိုင်ရုံးကို ပြောင်းရွှေ့ပြီးတော့ စစ်ဆေးစီရင်တယ်။ အဲဒီလို စစ်ဆေးစီရင်တဲ့အခါမှာ အစောက ကျနော်တို့ စစ်ဆေးစီရင်နိုင်ပါတယ်။ တရားရုံးချုပ်ကနေပြီးတော့ အခွင့်အမိန့် ပေးလို့ အထူးအခြေအနေအရ စီစစ်ဖို့ လိုတယ်ဆိုရင် စစ်ဆေးလို့ ရပါတယ်။
အဲဒီလို ခွင့်ပြုတာ၊ တောင်းခံတာ။ ခွင့်ပြုချက် ပေးတာတွေကိုလည်း ကျနော်တို့ မတွေ့ရပါဘူး။ အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ တရားခံအဖြစ် စွပ်စွဲခံရတဲ့သူဘက်ကနေ သက်သေအထောက်အထား တင်ပြဖို့ လိုတဲ့အခါတွေမှာ လာရောက်တဲ့၊ တရားရုံးမှာ သက်သေထွက်ဆိုမယ့်လူတွေက လုံခြုံရေးအခြေအနေကြောင့် လာရောက်ပြီးတော့ ထွက်ဆိုနိုင်ခြင်း မရှိဘူး။ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိတဲ့အတွက် မသွားလာရဲကြဘူး။ ဒါတွေကို ကြုံတွေ့ရတယ်။ ဒါတွေက မျှတတဲ့ တရားခွင်တခု ဖြစ်ပေါ်ဖို့ရာမှာ အဓိက လိုအပ်တဲ့အချက်အလက်တွေကို အစိုးရဘက်ကနေ ဆောင်ရွက်ပေးနိုင်ခြင်း မပြုနိုင်ခဲ့ဘူးလို့ ကျနော်အနေနဲ့ ပြောချင်တာဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု ဦးမင်းလွင်ဦး ထောက်ပြတဲ့အချက်တွေက ကျနော် ကြားခဲ့ရသလောက်ဆိုရင် လုပ်နည်းလုပ်ဟန်တွေနဲ့ပဲ ပတ်သက်နေတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဦးထွန်းအောင် က ဘာတွေကျူးလွန်ခဲ့တယ်လို့ အဓိက စွပ်စွဲခံခဲ့ရသလဲ။
ဦးမင်းလွင်ဦး ။ ။ ဦးထွန်းအောင် က ဘာတွေကျူးလွန်ခဲ့သလဲဆိုတာကို ပြောမယ်ဆိုရင်တော့ ဒီလိုမျိုး သံတွဲမှာ ဗလီဆရာ (၁၀) ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မောင်းတောမြို့မှာ ဝတ်ပြုဆုတောင်းပွဲလုပ်မယ်။ မြေမြုပ်သင်္ဂြုလ်ကြမယ်။ ဒါတွေ လုပ်တဲ့အခါမှာ ဆူဆူပူပူ မဖြစ်အောင် ဒေသဆိုင်ရာ အာဏာပိုင်အသီးသီးနဲ့ နကစ၊ စရဖ အထွေးထွေးအုပ်ချုပ်ရေးမှုး အသီးသီးနဲ့ ပူးပေါင်းဖွဲ့စည်းပြီးတော့ ဒီ ကိစ္စရပ်တွေမှာ ရပ်ရွာလုံခြုံမှု ရှိအောင်ဆိုပြီးတော့ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့ကြားထဲကနေ ဒီလိုမျိုး လူတွေရဲ့ ဒေါသကို မထိန်းသိမ်းနိုင်ဘဲနဲ့ အရေးအခင်းတွေ ဖြစ်ပွားခဲ့တယ်။ အဲဒီလို ဖြစ်ပွားတဲ့အခါကြတော့ အာဏာပိုင်တွေဘက်က ဘာကိုအကြောင်းပြသလဲဆိုလို့ရှိရင် ဒီလိုမျိုး ဖြစ်မယ်မှန်း ကြိုတင်သိရက်နဲ့ အာဏာပိုင်တွေကို အကြောင်းမကြားတဲ့အတွက် ဦးထွန်းအောင်မှာ အပြစ်ရှိတယ်ဆိုတဲ့ မှတ်ချက်နဲ့ အပြစ်ပေးခြင်း ခံရတာဖြစ်တယ်ဆိုတာကို ကျနော်တို့ တရားရုံးရဲ့ စီရင်ချက်တွေ၊ အမိန့်တွေကို ဖတ်ကြည့်ခြင်းဖြင့် သိရှိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဦးထွန်းအောင် ကိုယ်တိုင်ဟာ အစောက ပြောခဲ့သလို ဒေသအတွင်းမှာ ဘာသာရေးအဖွဲ့အစည်းတွေ၊ ဒေသအသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတခုရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တယောက် ဖြစ်တဲ့အပြင် ဒေသခံ အာဏာပိုင်တွေနဲ့လည်း အစောပိုင်းက အတော်လေး သင့်သင့်မြတ်မြတ် ရှိပြီးတော့ ဒေသအတွင်းမှာ ဖြစ်တဲ့ကိစ္စတွေကို အထူးသဖြင့် ထိန်းသိမ်းပေးနိုင်အောင် ကြိုးစားခဲ့တဲ့လူ မဟုတ်ဘူးလား။
ဦးမင်းလွင်ဦး ။ ။ အရင်တုန်းကတည်းက အရင် နဝတ၊ နအဖ လက်ထက်ကတည်းကိုက ဒေါက်တာထွန်းအောင် က အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ဒေသလုံခြုံရေးအတွက် ဆောင်ရွက်ခဲ့ဘူးတဲ့ ကိစ္စရပ်တွေ တော်တော်များများ ရှိပါတယ်။ ဒါတွေကိုလည်း တရားရုံးမှာ သူကိုယ်တိုင် အစစ်ခံတဲ့အချိန်မှာ ထုတ်ဖော်ပြောကြားခဲ့တယ်ဆိုတာကို ကျနော်တို့ သိရတယ်။ သို့သော်လဲပဲ ဒီအချက်အလက်တွေကို ထောက်ခံပြီးတော့ ထွက်ဆိုမယ့် သက်သေတဦးတယောက်မှ မရှိဘူးဆိုပြီးတော့ ပညာရှင်တရားသူကြီး ဦးအေးလွင်ကနေပြီးတော့ သုံးသပ်ပြီးတော့ ဒီအမှုမှာ (၅ ည) နဲ့ စွဲဆိုထားတဲ့အမှုမှာ ထောင်ဒဏ် (၇) နှစ် အပြစ်ပေးလိုက်တာ ဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ ဒါက ဥပဒေအရ သက်သေခံ ဥပဒေအရဆိုရင် တော်တော်မှားယွင်းတဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်က ကျနော်တို့ကြားတာက ဦးထွန်းအောင် က မမှန်သတင်းဖြန့်ချီမှု၊ ပြည်ပက သတင်းတွေကို မမှန်သတင်း ပို့ဆောင်မှု။ အထူးသဖြင့် အင်တာနက် ဆက်သွယ်ရေးတွေ ဘာတွေ သုံးပြီးတော့ အပြင်ကို ပို့တဲ့ကိစ္စတွေ ဘာတွေလည်း စွဲဆိုခံရတယ်လို့ ကြားပါတယ်။ အဲဒါလေးကို ရှင်းပြပေးပါ။
ဦးမင်းလွင်ဦး ။ ။ အဲဒီတော့ ဦးထွန်းအောင် ကို ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့အခါမှာ ဦးထွန်းအောင်ဆီမှာ laptop ကွန်ပြူတာတစ်လုံး တွေ့ပါတယ်။ တယ်လီဖုန်း နှစ်လုံး တွေ့ပါတယ်။ အဲဒီ လက်ပ်တော့ကွန်ပြူတာက ဦးထွန်းအောင်ရဲ့ သမီးဖြစ်တဲ့သူ UNHCR မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းဖြစ်တဲ့သူရဲ့ ကွန်ပြူတာဖြစ်တယ်။ အဲဒီ ကွန်ပြူတာထဲမှာက ဒီ ရခိုင်ဘက်ကို ခိုးဝင်လာတဲ့ ရခိုင်ဒုက္ခသည်တွေ ရှိလာရင် ဘယ်လို စီစစ်ရမယ်၊ ဘယ်လို ဆောင်ရွက်ရမှာတွေနဲ့ ပတ်သက်ပြီးတော့ မှတ်တမ်းပြုစုထားတဲ့ အချက်အလက်တွေရှိတယ်။ နောက်ပြီးတော့တခါ နယ်စပ်ဒေသဖြစ်တဲ့အတွက် တဖတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြောဆိုရတဲ့ ကိစ္စရပ်တွေရှိတယ်။ ဒါတွေက UNHCR ဝန်ထမ်းတယောက်အနေနဲ့ လုပ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် အဲဒီဥစ္စာတွေက ကွန်ပြူတာပေါ်ကဟာတွေက ဒေါက်တာထွန်းအောင်ရဲ့ ကွန်ပြူတာ မဟုတ်ဘူး။ သူ့ရဲ့ သမီးဖြစ်တဲ့သူ မြနန္ဒာအောင်ရဲ့ ကွန်ပြူတာဖြစ်တယ်ဆိုတာကို မြနန္ဒာကိုယ်တိုင်လည်း ပြောတယ်။ ဒေါက်တာထွန်းအောင် က ပစ္စည်းကိုပေးအပ်စဉ်မှာလည်း ပြောတယ်။ သို့သော်လဲပဲ ဒီ ကွန်ပြူတာထဲမှာ ပါတဲ့အချက်အလက်တွေပေါ် မူတည်ပြီးတော့ အခုလို အပြစ်ပေးလိုက်တာ ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ အချက်အလက်တွေကို ဦးထွန်းအောင်ကနေပြီးတော့ တရားရုံးမှာ ပြန်လည်လျှောက်လွှဲတော့ သူကို အကျိုးဆောင်ပေးမယ့် ရှေ့နေတွေ ဘာတွေ မရှိဘူးလား။
ဦးမင်းလွင်ဦး ။ ။ ဒါကလဲ ကျနော်တို့ လွတ်လပ်တဲ့ တရားစီရင်ရေး၊ မျှတတဲ့ တရားခွင်ဖြစ်ဖို့ ဆောက်ရွက်တဲ့အခါမှာ အလွန်သတိထားရမယ့် အချက်အလက်ဖြစ်တယ်။ အဲဒီလို အရေးအခင်းတွေ ဖြစ်တဲ့အခါမှာ ဦးထွန်းအောင်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ တယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးအရ အာဏာပိုင်တွေက တာဝန်မယူနိုင်တဲ့အတွက် ရန်ကုန်ကနေ သွားမယ့်ရှေ့နေတွေလည်း မသွားရဲ မလာရဲ ဖြစ်တယ်။ သူတို့ရဲ့ လုံခြုံရေးကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက တာဝန်မယူရဲဘူး ဖြစ်တယ်။ ဒေသခံ ရှေ့နေတွေကလည်း တရားရုံးမှာ ဒေါက်တာထွန်းအောင်အတွက် လိုက်ပါဆောင်ရွက်တယ်ဆိုလို့ရှိရင် မိမိတို့ အိမ်ယာတွေ ဖျက်ဆီးခံရမှာကို စိုးရိမ်တဲ့အတွက် လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အစိုးရကရော ဦးထွန်းအောင်အတွက် ကိုယ်စား ငှားရမ်းစီရင်ပေးမယ့် ရှေ့နေမျိုးတွေ မစီစဉ်ပေးဘူးလား။
ဦးမင်းလွင်ဦး ။ ။ ပြစ်မှုဆိုင်ရာ ကျင့်သုံးဥပဒေတွေအရ ဆိုလို့ရှိရင်တော့ ထောင်ဒဏ် တသက်နဲ့၊ ကြိုးဒဏ် သေဒဏ်ကျတဲ့ အမိန့်တွေမှာ အစိုးရကနေ ရှေ့နေ ငှားရမ်းပြီးတော့ ခုခံချေပ ပေးတယ်လို့ ကျနော်တို့ ပြဌာန်းထားတာ ရှိတယ်။ ဒါကြောင့် ထောင်ဒဏ် (၇) နှစ်ပဲဖြစ်တဲ့ အမှုဖြစ်တဲ့အတွက် အစိုးရကနေပြီးတော့ တရားခံအတွက် ရှေ့နေ ငှားရမ်းပေးခြင်း မပြုခဲ့ဘူး။ အဲဒီတော့ ငှားရမ်းပေးခဲ့တယ် ဆိုရင်တောင်မှပဲ ဒီ ရှေ့နေက လွတ်လွတ်လပ်လပ် တရားခွင်မှာ ခုခံချေပနိုင်တဲ့ ရှေ့နေ မဖြစ်နိုင်ဘူးဆိုတာကို ကျနော်တို့ သုံးသပ်မိတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုဖြစ်ခဲ့တဲ့ အခြေအနေကို ကြားရသလောက်ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာ ရခိုင်ပြည်နယ်ထဲမှာ အရေးအခင်းတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အစိုးရအနေနဲ့လည်း ဥပဒေ စိုးမိုးရေးကို အဓိကထားပြီးတော့ ဖိအားပေးလာတယ်။ အဲဒီအခါမှာ အပြစ်ရှိတယ်လို့ ယူဆရတဲ့သူတွေကို အပြစ်ဒဏ်ချတွေ ချခဲ့တယ်ဆိုတာကို မြင်ရတယ်။ အဲဒီတော့ ဒီနေရာမှာ မှားယွင်းအပြစ်ဒဏ် ချမိတာမျိုးများ ဖြစ်ခဲ့တယ်လို့ ယူဆပါသလား။
ဦးမင်းလွင်ဦး ။ ။ ဒီလို အရေးအခင်းတွေ ဖြစ်တဲ့ကိစ္စရပ်တွေမှာ သက်သေပြနိုင်ဖို့ ဆိုတာက တော်တော်ခဲယဉ်းတဲ့ ကိစ္စရပ်ဖြစ်တယ်။ အဲဒီတော့ အစောက ပြောသလိုမျိုး။ ဒေါက်တာထွန်းအောင် ကို အခု ပြစ်ဒဏ်ပေးလိုက်တဲ့ ကိစ္စရပ်တွေမှာ ဒေါက်တာထွန်းအောင်ကိုယ်တိုင် လက်သီးလက်မောင်းတန်းပြီးတော့ မြန်မာလူမျိုးတွေ၊ မြန်မာအစိုးရ ပြုတ်ကျအောင် လုပ်ရမယ်ဆိုတာလိုမျိုးတွေ ဓါတ်ပုံတောင် မတင်ပြနိုင်ဘူး။ အဲဒီတော့ ဒီ နှုတ်သက်သေခံချက်တွေပေါ်မှာ မူတည်ပြီးတော့ အပြစ်ပေးခဲ့တာတွေက ၁၉၈၈ နောက်ပိုင်းမှာ ဆက်တိုက်ဖြစ်လာခဲ့တာ အခုအချိန်အထိပါ။ အဲဒီတော့ ဒီ အရေးအခင်းတွေနဲ့ ပတ်သက်လို့ တကယ်တမ်းသာ ခုခံချေပခွင့်လည်း ပေးမယ်။ တရားခံတွေရဲ့ ဥပဒေအရ ခံစားခွင့်တွေကိုလည်း လိုက်လျောမယ်ဆိုရင်တော့ အမှုတော်တော်များများမှာ တရားခံတွေက အပြစ်မရှိဘဲနဲ့ အပြစ်ပေးခြင်း ခံထားရတယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။ ဒါက ကျနော်က ရခိုင်ဖြစ်လို့၊ ဘင်္ဂလီဖြစ်လို့ ဒါတွေကို ကျနော် ဆိုလိုတာ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်စလုံးက အဲဒီလိုမျိုး ထင်ကြေးတွေနဲ့ အပြစ်ပေးခြင်း ခံထားရတဲ့လူတွေ အများကြီးရှိတယ်ဆိုတာကို ကျနော်တို့ သတင်းတွေ ရရှိထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါနဲ့ ပတ်သက်လို့လည်း ဆက်စပ်ပြောရမယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက သင်္ကြန်အတွင်းမှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံခဲ့ရတယ်။ တရားခံအဖြစ် အစိုးရကနေ တိတိကျကျ စွပ်စွဲပြီးတော့ ထောင်ဒဏ်ချမှတ်လိုက်တဲ့ ကိုဖြိုးဝေအောင် ဆိုလို့ရှိရင်လည်း ဒါကို မှားယွင်းမှုမှန် သိသွားပြီးတဲ့နောက်ပိုင်းမှာ အစိုးရက ပြန်လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့လဲ ကျန်းမာရေးအရ အတော်လေး ချို့ယွင်းသွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ဆုံးပါးသွားခဲ့တယ်ဆိုတာကိုလည်း ကျနော်တို့ အားလုံးသိပါတယ်။ အခု ဒေါက်တာထွန်းအောင် ကိုယ်တိုင်ကလည်း အသက်လည်းကြီးပြီ။ သူ့မှာ ရောဂါဝေဒနာ ခံစားမှုတွေ ရှိနေတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားနေရတယ်ဆိုတော့ ဒီ ကိစ္စကို ဘယ်လိုပြန်လည်ပြီးတော့ သုံးသပ်စဉ်းစားပေးချင်ပါသလဲ။
ဦးမင်းလွင်ဦး ။ ။ ကျနော်တို့အနေနဲ့ကတော့ ဒီလိုမျိုး မတရားဖမ်းဆီး အကျဉ်းခံရတယ်။ နောက်ပြီးတော့ လွတ်လပ်တဲ့ တရားခွင်နဲ့ စီစစ်စီရင်ခြင်း မခံရဘူး။ မျှတတဲ့ တရားခွင်က ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခံရတာ မဟုတ်တဲ့ ကိစ္စရပ်တွေမှာ အမြန်ဆုံး ကုစားသက်သာခွင့်ကတော့ အထက်တရားရုံးအဆင့်ဆင့်ကနေ ဒီ အမှုကို အမြန်ခေါ်ယူပြီးတော့ လွှတ်ပေးဖို့အတွက် စီမံဆောင်ရွက်နိုင်တယ်။ ဥပမာအားဖြင့် ပြောရလို့ရှိရင် အခု ပြည်နယ်တရားရုံးကတော့ ဒေါက်တာထွန်းအောင်နဲ့ ပတ်သက်တဲ့အမှုတွေ အားလုံးကို အကျဉ်းနည်းနဲ့ လုပ်လိုက်တယ်လို့ သိရတယ်။ ဒါပေမဲ့ တရားရုံးချုပ် ရှိပါသေးတယ်။ တရားရုံးချုပ်ကနေ အောက်ရုံးအဆင့်ဆင့်မှာ မှားယွင်းတဲ့ကိစ္စရပ်တွေကို ခေါ်ယူပြီးတော့ အချိန်မရွေး စစ်ဆေးနိုင်တယ်။ ဒေါက်တာထွန်းအောင်ဆိုရင် ဦးခေါင်း (၂) ကြိမ် ခွဲထားရတာဖြစ်တယ်။ မျက်ကြည်လွှာ (၂) ခုစလုံး အတုတပ်ထားရတဲ့လူ ဖြစ်တယ်။ အသက်ကြီးတဲ့အတွက် သွေးမလျှောက်နိုင်တော့တဲ့အတွက် ခြေထောက်ကိုပါ ခွဲစိတ်ကုသခံထားရတဲ့ လူတစ်ဦးဖြစ်တယ်။ အဲဒီတော့ အသက် (၆၈) နှစ်ရှိပြီးဖြစ်တဲ့ အဖိုးကြီးတစ်ယောက်အနေနဲ့ ဒီလိုမျိုးထောင်ထဲမှာ ခက်ခက်ခဲခဲ ဖြတ်သန်းရမယ်ဆိုတာက မဖြစ်သင့်ပါဘူး။ အစိုးရတရပ်အနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေး။ မျှတတဲ့ တရားခွင်တွေ ပေါ်ပေါက်ဖို့အတွက် ကြိုးစားတယ် ဆိုလို့ရှိရင်တော့ အလျှင်အမြန်နဲ့ ဒီလိုမျိုး အမှုတွေကို စစ်ဆေးစီရင်ပြီးတော့ သက်သာခွင့်တွေ အမြန်ဆုံး ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ အကျိုးဆောင်ရှေ့နေ ဦးမင်းလွင်ဦး ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။