လတ်တလော ဒေသခံလူထု ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ အစိုးရအနေနဲ့ ရေရှည်အကျိုးစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နှစ်ဖက်မျှ စဉ်းစားသင့်ပြီး ပွင့်လင်းမြင်သာစွာ အစီအစဉ်တွေကို ချပြသင့်တဲ့ အရေးတခုဖြစ်တယ်လို့ EcoDev (Economically progressive Ecosystem Development Ecodev-mm.com) သဘာဝပတ်ဝန်းကျင်အဖွဲ့က ဦးဝင်းမျိုးသူ က ပြောဆိုပါတယ်။ ဝါရှင်တန်ဒီစီကို ခေတ္တရောက်ရှိနေတဲ့ ဦးဝင်းမျိုးသူ ကို ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီပြဿနာက အထူးသဖြင့် လယ်ယာမြေတွေ သိမ်းဆည်းမှု ပြဿနာ။ နောက်ပြီးတော့ ကျေးရွာတွေ ရွှေ့ပြောင်းခိုင်းမှုဆိုတဲ့ ပြဿနာအပြင်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအနေနဲ့လည်း လူတွေပြောကြတယ်။ တဖတ်ကလည်း နိုင်ငံရေးအရတချို့ ပါနေကြတယ်လို့လည်း ဆိုတယ်။ အဲဒါတွေ ပတ်သက်လို့ ဦးဝင်းမျိုးသူတို့အနေနဲ့ ဘယ်လောက်အထိ ခန့်မှန်းပြီးတော့ သုံးသပ်မိသလဲ။
ဦးဝင်းမျိုးသူ ။ ။ နိုင်ငံရေးအပိုင်းတော့ ကျနော် မပြောလိုဘူး။ ကျနော်က နိုင်ငံရေးသမားလည်း မဟုတ်တော့။ သို့သော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်နဲ့၊ လူမှုစီးပွားရှုထောင့်ကနေ ကျနော်အမြင်လေး ပြောရမယ်ဆိုရင်တော့ ဒီလူတွေကို ထိခိုက်တာတော့ မကောင်းဘူးပေါ့။ ပတ်ဝန်းကျင်ရေးရာနဲ့ ပတ်သက်ရင်တော့ အမျိုးသားပေါ်လစီ၊ ပတ်ဝန်းကျင်ရေးရာအနေနဲ့ နိုင်ငံတော်အဆင့်မှာ စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာကို တန်တူညီမျှ စဉ်းစားမယ်ဆိုတာကို အထင်အရှားပြောထားပြီးသားပေါ့။ အဲဒီတော့ ကျနော်တို့က လူတယောက်ကိုပဲ ထိခိုက်ထိခိုက်၊ လူတရာပဲ ထိခိုက်ထိခိုက်၊ လူတသောင်းပဲ ထိခိုက်ထိခိုက်။ ပတ်ဝန်းကျင်အရေးလို့ ပြောလာရင်။ ဒါကို သေချာစဉ်းစားပေးဖို့ လိုတယ်။ စီးပွားရေး၊ ဖွံ့ဖြိုးရေး တခုတည်းကိုပဲ ဦးစားပေးတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်အရေးကိုလည်း ချိန်ခွင်လျှာညီမျှပြီးတော့ စဉ်းစားဖို့ လိုတယ်လို့ တစ်တချက် ပြောချင်တယ်။ အဲဒီတော့ အခု ကျနော်တို့က ဆင်းရဲနွှမ်းပါးမှုကို တိုက်ဖျက်ရေးဆိုပြီးတော့ ကျနော်တို့က လုပ်နေတယ်။ လုပ်တဲ့နေရာမှာ လူတွေ အစောကလို မြေယာတွေ ဆုံးရှုံးတယ်။ ထိခိုက်တယ်ဆိုရင်တော့လည်း ဘယ်ကောင်းမလဲ။ ကျနော်တို့ လုပ်ချင်တယ့် ရည်ရွယ်ချက်နဲ့ တခြားဆီ ဖြစ်နေတော့ ဒါလေးတွေကို ကြည့်ဖို့လိုပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ လက်ပံတောင်းတောင် စီမံကိန်း ပတ်သက်ပြီးတော့ပဲ သမ္မတကြီး ဦးသိန်းစိန် နယူးရော့ခ်မြို့ကို ရောက်လာတုန်းကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မေးတာမြန်းတာလေးတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ သမ္မတကြီး ဦးသိန်းစိန်က ဒီကျေးရွာတွေ ရွှေ့ပြောင်းမှု၊ ရွာတွေဖယ်ရှားမှု၊ မြေသိမ်းဆီးမှုကိစ္စတွေနဲ့ ပတ်သက်လို့ ပြဿနာတရပ်အဖြစ် ပြောသွားတာကိုလည်း ကျနော်တို့ ကြည့်ကြည့်ရအောင်။
ဦးသိန်းစိန် ။ ။ လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ခင်များပြောသလို ပြဿနာလေးတွေကတော့ အောက်ခြေမှာ တော်တော်များများ ရှိပါတယ်။ ဦးပိုင်နဲ့ တရုတ်နိုင်ငံကုမ္မဏီတခုနဲ့ စာချုပ်ချုပ်ဆိုပြီး ဟိုတုန်းကတော့ ဧရီယာတခုလုံးက သတ္တုတွင်းဝန်ကြီးဌာနရဲ့ လုပ်ငန်းစီမံကိန်းအတွက် သိမ်းထားတာနေရာ။ အဲဒီကနေ ဦးပိုင်နဲ့ တရုတ်နိုင်ငံကုမ္မဏီတို့ ဖက်စပ်လုပ်ကြပြုကြရင်းနဲ့ အထဲက ရွာလေးတွေတချို့၊ လုပ်ငန်းခွင်နဲ့ မလွတ်တဲ့ရွာလေးတွေကို ရွှေ့ရပြောင်းရတယ်။ သူတို့ကို ရွှေ့ပြောင်းတဲ့နေရာမှာတော့ တစ်အချက်ကတော့ ငွေကြေးလျှော်ကြေး တန်ရာတန်ကြေး amount ဘယ်လောက်ပေးတယ်ဆိုတာ ကျနော် မသိဘူး။ နောက်တခုကတော့ ဟိုဘက်မှာ အိမ်တွေဘာတွေ ဆောက်ပေးတယ်။ အိမ်တို့ဘာတို့ ရေတို့မီးတို့ ဒါတွေလည်း ပြည့်စုံအောင် လုပ်ပေးတယ်။ တချို့ရွာတွေလည်း ရွှေ့ပါတယ်။ တချို့ရွာ သုံးရွာလောက်ကတော့ ရွှေ့ဖို့ကို မပြေမလည် ဖြစ်နေတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သမ္မတကြီးပြောသွားတဲ့အတိုင်းဆိုရင်တော့ ဒါက ကျေးရွာတွေ ရွှေ့ပြောင်းခိုင်းတဲ့ကိစ္စ၊ နောက် လယ်ယာတွေ သိမ်းခံရတဲ့ကိစ္စတွေ။ အဲဒီနေရာမှာ သမ္မတကြီးလည်း ပြောသွားပါတယ်။ အစောပိုင်းမှာ ရွာတွေ၊ လယ်တွေကို သိမ်းတဲ့နေရာမှာ လျှော်ကြေးတွေ ဘာတွေပေးတာတွေ ရှိတယ်။ နောက် နေရာတွေကို တချို့ရွှေ့ပြောင်းပြီး အသစ်ဆောက်ပေးတာတွေရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အဲဒီဒေသအတွင်းမှာ ဆက်ဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေအရဆိုရင် အစောပိုင်းမှာ မြေယာတွေသိမ်းဆည်းပြီးနောက် လျှော်ကြေးပေးတဲ့နေရာမှာ (၃) နှစ်စာ သီးနှံလျှော်ကြေးဆိုပြီး ပေးလိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း စီမံကိန်းဆိုတာ နှစ် (၆၀) ဆိုတော့ အစောပိုင်းမှာ နားလည်းမှုလွှဲမှားပြီးတော့ ရွာထဲကလူတွေကို (၃) နှစ်စာလျှော်ကြေး ပေးလိုက်တယ်ဆိုတဲ့ ပုံစံမျိုး။ တသက်လုံး လယ်ယာမြေတွေကို ဆုံးရှုံးရမယ့်ပုံစံမျိုး သူတို့ နားမလည်းကြဘူးဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးဝင်းမျိုးသူတို့ ဘာကြားသလဲ။
ဦးဝင်းမျိုးသူ ။ ။ ဒေသခံ လယ်သမားတွေကတော့ ခင်များ အခုပြောသလိုပဲ ဆုံးရှုံးမှုတွေ ပြောပြတယ်။ ဒါကို ကျနော်က သုံးသပ်တယ့်အခါကြတော့ နံပတ် (၁) အချက်ကတော့ ဥပဒေရဲ့ အားနည်းချက်လို့ ထင်တယ်။ ဒါက ဒီကိစ္စရပ်တွေက မကြာသေးခင်က ထုတ်ထားတဲ့ လယ်ယာမြေဥပဒေတို့၊ မြေလွတ်မြေရိုင်း ဥပဒေတို့ မတိုင်မီက ဖြစ်ခဲ့တဲ့ကိစ္စရပ်တွေ။ အဲဒီမှာရှိတဲ့ ဥပဒေအတိုင်း ကျနော်တို့က ဖြေရှင်းရတာ။ အဲဒီတော့ နိုင်ငံတော်အကျိုးအတွက် မြေယာကိုသိမ်းဆည်းတဲ့အခါ ဘယ်လိုမျိုး ပေးရမယ်ဆိုတာလေးတွေ ရှိတာပေါ့။ အဲဒီတော့ လျှော်ကြေးပဲ ပေးရုံတခုတည်းနဲ့ လယ်သမားဘဝက ပြန်ပြီးတည်ဆောက်လို့မှ မရတာ။ ဒါကြောင့် ကျနော်တို့ကလည်း နိုင်ငံအတွင်းမှာ အဓိက တတ်နိုင်တဲ့ သက်ဆိုင်ရာအစိုးရတွေ၊ သက်ဆိုင်ရာ law maker တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောနေတာက နိုင်ငံတကာမှာ ကျင့်သုံးသလိုပဲ။ ဒီ လျှော်ကြေးပေးတာ တခုတည်းနဲ့ မလုံလောက်ဘူး။ လယ်သိမ်းခံလိုက်ရတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝကို တည်ငြိမ်မှုရအောင်ကိုပင် ကျနော်တို့က ပြန်ပြီးတော့ နိုင်ငံတော် သို့မဟုတ် တာဝန်ရှိတဲ့ ကုမ္မဏီတွေက ပြန်ပြီးထူးထောင်ပေးဖို့ လိုတယ်ဆိုတဲ့အချက်ကို ကျနော်တို့က ဥပဒေတရပ်အနေနဲ့ ပြဌာန်းပေးဖို့ လိုတယ်ထင်တယ်။
အဲဒီတော့ ဒီလို ဥပဒေမရှိတဲ့အခါကြတော့ အောက်က ညှိနှိုင်းမှုက သက်ဆိုင်ရာ ကုမ္မဏီတဦးရဲ့ ဘယ်လောက်အထိ ဒီကိစ္စတွေပေါ်မှာ ဖြေရှင်းလိုတယ်ဆိုတဲ့ဆန္ဒအရ မူတည်နေတယ်။ သူတို့ကတော့ ဒါကို သူတို့ ဥပဒေအတိုင်း ဆောင်ရွက်တယ်လို့ တခါတလေ ပြောလို့ရတာပေါ့။ ဥပဒေကိုယ်တိုင်းက အားနည်းချက်တွေ ရှိနေတာကို။ ဒါကြောင့် ကျနော်တို့က အဓိက ကုမ္မဏီတွေကို ပြောတာက due diligent လုံလောက်တဲ့ လုံးလစိုက်ထုတ်မှု ရှိရမယ်။ သူတို့က တကယ် လူသားအခွင့်အရေးတွေကို စဉ်းစားမယ်။ ပတ်ဝန်းကျင် တည်ငြိမ်ရေးကို တကယ် စဉ်းစားမယ်ဆိုရင် ဥပဒေမှာ ဘယ်လိုပဲ အားနည်းတယ်၊ အားသာတယ်ဖြစ်စေ သူတို့အနေနဲ့က ဒေသခံတွေနဲ့ ပြေလည်အောင်ကို ဆွေးနွေးပြီးမှ စိတ်ကျေနပ်တဲ့အထိကို လုပ်ပေးမှကောင်းမယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သူတို့ပြောသလိုဆိုလို့ရှိရင် အစောပိုင်းက နားလည်းမှုလွှဲမှားလို့ သုံးနှစ်စာလျှော်ကြေး ရထားပြီးပြီ။ နောက်ပိုင်းမှာ ဒီထက်မက ရသင့်တယ်ဆိုတော့ ဒါကကြည့်နိုင်လို့ ရအုန်းမယ်ဆိုတဲ့ သဘောလား။
ဦးဝင်းမျိုးသူ ။ ။ အဲဒါကတော့ လက်ရှိ ဒေသခံတွေနဲ့ သူတို့ ကုမ္မဏီတွေကြားထဲမှာ ဒါကို ဆက်ညှိဖို့လိုတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေအနေနဲ့ ဘာသွားလုပ်စားမလဲ။ သုံးနှစ်ဆိုတဲ့ငွေက ကုန်သွားမှာ။ သူတို့ဘဝ ရှင်သန်ရပ်တည်ရေးဖို့အတွက်ကိုတော့ တခုခုတော့ လုပ်ပေးရမှာပေါ့။ ကျနော်တို့ကြားတာ ကုမ္မဏီကအလုပ် ဒီသတ္တုတွင်းထဲမှာ ပေးမယ်ဆိုတာကလည်း တချို့တစ်ယောက်နှစ်ယောက်လောက်ပဲ ရနိုင်မှာ။ အများကြီး ရနိုင်မှာမဟုတ်ဘူး။ ဆက်တော့လုပ်ဖို့ လိုတယ်။ သူတို့လည်း ဘယ်လောက်အထိ ညှိနှိုင်းမလဲဆိုတာကိုတော့ ကျနော်တို့ကိုယ်တိုင် စောင့်ကြည့်နေတဲ့ သဘောပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ တချို့ရွာတွေကြတော့လည်း လုံးဝရွှေ့ပြောင်း မပေးနိုင်ဘူးဆိုပြီး ပြောနေကြတယ်။ ပြောနေတယ်ဆိုတော့ တကယ်လို့သာ ရွာတွေက ရွှေ့မပြောင်းဘဲ အဲဒီနေရာမှာ ဆက်နေမယ်ဆိုရင်ကော ဒီ စီမံကိန်းကြီးက ဆက်လုပ်မယ်။ အဲဒီရွာတွေက အဲဒီနေရာမှာ ဆက်နေလို့ ဖြစ်နိုင်ပါ့မလား။
ဦးဝင်းမျိုးသူ ။ ။ အဲဒါကို ကျနော်လည်း သမ္မတကြီး ဦးသိန်းစိန် - ဗွီအိုအေမှာ အင်တာဗျူးလုပ်တော့ ရန်ကုန်ကနေ ကျနော် နားထောင်ရတယ်။ နားထောင်ပြီး နောက်တနေ့မှာပဲ ကျနော်တို့ ဟောပြောပွဲရှိတော့ အဲဒီအချက်လေးကို ကျနော်လည်း စိုးရိမ်လို့ ပြောဖြစ်တယ်။ (၃) ရွာကတော့ အထဲမှာ နေတာကတော့ ကျနော် စိုးရိမ်တာက ဘာမှကျန်တဲ့ အခြေအနေတွေ ပြုပြင်မှုမရှိဘူး။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး။ ဘာဖြစ်လို့လဲဆိုတော့ သတ္တုတွင်းကို လုပ်တဲ့အခါကြတော့ sulfuric acid တွေ အများကြီး သူတို့သုံးတယ်။ လေထဲကိုထွက်တယ်။ နောက် သူတို့လုပ်ရမယ့် ပတ်ဝန်းကျင်လုပ်ငန်းတွေ လုပ်လားမလုပ်လားဆိုတာတွေ ကျနော်တို့ သတင်းအချက်အလက်တွေ မရဘူး။ မရတော့ လူတွေရဲ့ ကျန်းမာရေး ရှုထောင့်ကဆိုရင် အရမ်းဆိုးတယ်။ ဒီ sulfuric အငွေ့တွေကို ရှုရတဲ့ သဘောရှိတယ်။ ဒီရွာ (၃) ရွာက အထဲပိုင်းမှာ ရှိနေတယ်ဆိုရင် သူတို့က ပြောင်းတော့မပြောင်းဘူး။ ဒါပေမဲ့ အထဲမှာ သူဘာသာ အကျဉ်းထောင်ကျသလို ဖြစ်နေမယ်။ ဒါလေးကို စဉ်းစားဖို့လိုတယ်။ ဒါကိုတော့ ဘယ်လိုမှ မကောင်းဘူး။
ဦးသန်းလွင်ထွန်း ။ ။ စားဝတ်နေရေးအတွက်ကိုကော သူတို့ ဘာဆက်လုပ်မလဲ။ စိုက်ပျိုးလို့လည်း မရနိုင်ဘူး။
ဦးဝင်းမျိုးသူ ။ ။ စိုက်ပျိုးလို့လည်း မရနိုင်ဘူး။ သူတို့ မြေတွေလည်း အကုန်သိမ်းထားတယ်ဆိုတော့။ သူတို့က အထဲမှာ ကိုယ့်ရဲ့ဒေသအစွဲနဲ့ နေတာနေကြမယ်။ သူတို့ရဲ့ နေတဓုဝ ဝမ်းရေးဖြေရှင်းဖို့ livelihood ဘာမှလည်း ရှိဘူး။ ဘေးနားက ပတ်ဝန်းကျင် လေထုညစ်ညမ်းတာတွေ၊ ရေထုညစ်ညမ်းတာတွေ။ နောက်တခုက ဆိုးတာက မြေထုညစ်ညမ်းတာတွေ။ မြေအဆိပ်သင့်တာ - soil contamination မိုင်းကနေ ထွက်လာတဲ့ ဒီမြေဇာတွေကြောင့်လည်း မြေတွေလည်း ညစ်ညမ်းမှုတွေ ဖြစ်တာပေါ့။ အဲဒါတွေ ရှိမယ်ဆို သူတို့က တကယ့်ကို ငရဲကျသလို ဖြစ်နေမှာပဲ။ ဆိုတော့ ဒါတွေကိုလည်း ထည့်စဉ်းစားဖို့လိုမယ်။ ကျနော်ထင်တယ် မိုင်းဥပဒေအရ၊ သတ္တုတွင်းဥပဒေအရကို လူမှုစီးပွားရေးကိုလည်း ဖြေရှင်းပေးရမယ်။ နောက်တခုက ပတ်ဝန်းကျင်ရေးရာကိုလည်း ကောင်းအောင်လုပ်ရမယ်ဆိုတာကို စာချုပ်တွေထဲမှာ ပါပြီးသာ။ ပါပြီးသာကို ဘယ်လိုလုပ်သလဲဆိုတာကို ကျနော်တို့ ကြည့်ရမယ်။ အရင်မတိုင်မှီတုန်းက အိုင်ဗီဟို တုန်းက အတိုင်းအတာတခုအထိ လုပ်ခဲ့တယ်လို့ ကျနော်တို့ကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ အရင်တုန်းကလည်း ပြောရေးဆိုခွင့်က မရှိတော့ ဒီကိစ္စတွေ သိပ်သေချာတာ မဟုတ်ဘူး။ သို့သော်လည်း ကျိန်းသေတဲ့အချက်ကတော့ သတ္တုတွင်း ဥပဒေစည်းကမ်းအရ ဒါတွေကို လုပ်ဖို့ရှိတယ်။ ဒါလုပ်နိုင်မှပဲ ပတ်ဝန်းကျင်ဒေသတွေက သက်သာမယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အခုလက်ရှိ လူထုဆန္ဒပြပွဲတွေလည်း အဲဒီဖက်မှာ ဖြစ်နေတဲ့အပြင်ကို လက်ရှိ ဒီအချက်ကို တချိန်တုန်းက လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ပြီး ပြောကြတာတွေ၊ မေးကြမြန်းကြတာတွေ ရှိပါတယ်။ အဲဒီတော့ ဦးဝင်းမျိုးသူ က ဘယ်လိုထင်သလဲ။ ဒီကိစ္စကို မြစ်ဆုံနဲ့ သွားနှိုင်းလို့ ရနိုင်တဲ့ အခြေအနေမျိုးလို့ ထင်သလား။
ဦးဝင်းမျိုးသူ ။ ။ ဒီ မေးခွန်းကတော့ ဖြေဖို့ခက်တဲ့ မေးခွန်းပါ။ ဒါကြောင့် ကျနော် နဂိုကတည်းက ပြောပြီးပြီ။ လူတယောက် ထိခိုက်တဲ့ကိစ္စဆိုရင်တော့ ဘယ်နားဖြစ်ဖြစ် ကြည့်ရမယ်လို ဆိုတဲ့ မူဝါဒ principle ကို လက်ခံဆိုရင်တော့ ဒါကတော့ ဒီကိစ္စကို မြစ်ဆုံလိုပဲ အလေးထားပြီး ရှင်းပေးဖို့ လိုတာပေါ့။ သို့သော်လည်း ပတ်ဝန်းကျင် ထိခိုက်မှု ရှုထောင့်က ကြည့်ရင်တော့ မြစ်ဆုံနဲ့ မတူဘူး။ မြစ်ဆုံကတော့ ထိခိုက်ရင်တော့ နိုင်ငံတဝှမ်းလုံး ထိခိုက်မယ့် သဘောတော့ ရှိတာပေါ့။ ဒီနေရာမှာ ပတ်ဝန်းကျင် ထိခိုက်မှုကို ကြည့်ရင်တော့ ထိခိုက်မယ်။ အဲဒီဒေသတဝိုက်ကို ကွက်ပြီးတော့ ထိခိုက်မယ်။ Scale of impact ပတ်ဝန်းကျင် ထိခိုက်မှု အတိုင်းအတာကတော့ အဲဒီလောက် မြစ်ဆုံနဲ့တော့ နှိုင်းလို့တော့ မရဘူးပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပံတောင်းတောင် တို့ကနေ စီမံကိန်းကြီးတွေ ဖြစ်လာပြီဆိုရင် စွန့်ပစ်မယ့် အညစ်အကြေးတွေ၊ ဥပမာ ချင်းတွင်းမြစ်ထဲကို စွန့်ပစ်တယ်ဆိုရင် ချင်းတွင်းမြစ်ကလည်း တချိန်မှာ ဧရာဝတီမြစ်ကို သွားပေါင်းတာ မဟုတ်ဘူးလား။ အဲဒီတော့ ဧရာဝတီမြစ်ကြီးကို ထိခိုက်တယ်ဆိုတဲ့ နိုင်ငံတဝှမ်း ထိခိုက်မယ်ဆိုတဲ့ ပုံစံမျိုး မဖြစ်နိုင်ဘူးလား။
ဦးဝင်းမျိုးသူ ။ ။ အဲဒါတော့ ဖြစ်နိုင်ပါတယ်။ ချင်းတွင်းမြစ်ကလည်း ဒုတိယ အရေးကြီးဆုံး မြစ်လက်တက်ဖြစ်တဲ့အတွက် ဧရာဝတီမြစ်လည်း ထိခိုက်နိုင်တယ်။ သို့သော်ကိုယ်တိုင်လည်း ကျနော်ကိုယ်တိုင်ကလည်း မရောက်ဘူးသေးဘူး။ အချို့အချက်အလက်တွေသိဖို့ လိုသေးတယ်။ အဓိက ကျနော် စိတ်ဝင်စားတာက လောလောဆယ် စိတ်ဝင်စားတာက စီးပွားရေးလုပ်ငန်းတခု လုပ်ပြီဆိုရင်တော့ အကျိုးနဲ့အပြစ် ရှိမှာပေ့ါ။ ကျနော်တို့က အကျိုးနဲ့အပြစ်ကို နှိုင်းယှဉ်ဖို့ လိုတာပေါ့။ ဘယ်အကျိုးက များလား၊ အပြစ်ကများလား။ နောက်တခုကလည်း ဒီအပြစ်ကလည်း နည်းသွားအောင် လုပ်လို့ရသလားဆိုတဲ့ အချက်လေးကို ကြည့်ဖို့လိုတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် ဘယ်လိုလုပ်နိုင်သလဲ။
ဦးဝင်းမျိုးသူ ။ ။ ပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် လုပ်ဖို့လိုတာပေါ့။ ကျနော် အစောကမြင်တာကတော့ လက်ပံတောင်းတောင်မှာလည်း ပြောပါတယ်။ ပတ်ဝန်းကျင်ရေးရာကို အဓိကပြောမယ်ဆိုရင် (၃) ချက် ထိခိုက်နိုင်တယ်။ အထူးသဖြင့် အစောကပြောသလို လူတွေသိပ်မပြောတဲ့အချက်က ဒီမှာ ဓတုဗေဒတွေ အများကြီးသုံးရတယ်။ ဆေးတွေအများကြီး သုံးရတော့ ဒါတွေကို ရန်ကုန်ကနေ အဲဒီကို ရွှေ့သယ်ပြုရတာရှိတယ်။ ဒီနေရာမှာလည်း စနစ်မကျနိုင်ဘူး။ လမ်းကြောင်းတလျှောက်မှာ ထိခိုက်နိုင်တာတို့။ ဒါတွေကို သိုလှောင်မယ်။ နောက်တခုက တွင်းတူးတဲ့ တွင်းကို open pit system တွင်းကိုဖွင့်ပြီး တူးရတာပေါ့။ တူးတဲ့အခါဆိုရင် သူတို့ တကယ်လုပ်မယ်ဆိုရင်လည်း အစောကပြောသလို နံပတ်တစ်အချက် တွန်းတူးတဲ့အတွက်ကို သဲတွေအမှုန်တွေ ထွက်မယ်ဆိုရင် ဒါတွေကို စနစ်တကျ စွန့်ပစ်ဖို့ ရေဖြန်းတာတွေ၊ လေကာဒန်းတွေ စိုက်တာတွေက ဒီ impact တွေကို လျော့သွားအောင် လုပ်တယ်။ ကျနော် သိသလောက်တော့ လုပ်ထားတာ မရှိဘူး။ တွင်းတူးစဉ်မှာ ပြဿနာတွေကလည်း လုပ်မယ်ဆိုရင်တော့ ထိန်းသိမ်းနိုင်တဲ့ ပြဿနာရှိတယ်။
နောက်တခုက ထွက်လာတဲ့ မြေစာတွေကို ကြေးနီထုတ်ဖို့အတွက် ဓါတ်ပြုတဲ့အခါမှာ အစောကပြောသလို ဓါတ်ငွေ့တွေ အများကြီးသုံးတယ်။ ထွက်လာတဲ့ဟာတွေကို ရေတွေနဲ့ သိုလှောင်တယ်။ ဆိုတော့ အဲဒီဟာမှာ sulfuric acid တွေက အငွေ့တထောင်ထောင်ထတာပေါ့။ အဲဒါတွေက အစောကပြောသလို အရင်တုန်းကလို လုပ်သလိုမျိုး သေချာလေး ရေနဲ့ဖြန်းတယ်ဆိုရင် သူပါတဲ့ လေထုထဲပါတဲ့ concerntration ကျသွားနိုင်တယ်။ နောက်တခုက စီစင်းတဲ့ရေတွေကို သူတို့ သိမ်းတဲ့အခါမှာ အရင်တုန်းက ကျနော် သိတာက zero discharge system ကို သုံးတယ်။ ဆိုတာက သုံးလိုက်တဲ့ ညစ်ညမ်းတဲ့ - ကို အပြင်မထွက်သွားအောင် သူတို့ပြန်ပြီးသုံးတယ်။ ဒါတောင် ကျနော်မှတ်မိတယ်။ အဲဒီတုန်းက ဒါက ပြဿနာရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မသိနိုင်တဲ့အချက်က မိုးရာသီက ခန့်မှန်းလို့မရဘူးလေ။ ခန့်မှန်းလို့ မရတော့ မိုးရေလက်မက တအားရွာလိုက်ရင် သူတို့ ဆယ်ထားတဲ့ကန်တွေက ကျိုးပေါက်သွားရင်၊ ဖြစ်လည်းဖြစ်ခဲ့တယ်လို့ ကျနော်နားလည်းတယ်။ ဒါကြောင့်မို့လို့ ကာကွယ်နိုင်တယ်။ နောက်ဆုံးတချက်က အစောကပြောသလို တောင်ကြီးလုံးဝ ပျောက်သွားမယ်။ ကျင်းကြီးတွေ ဖြစ်သွားမယ်။
ဒါကြောင့် အကျိုးအပြစ်နဲ့ ပြန်ယှဉ်ရမယ်ဆိုတော့ အစိုးရက ဘယ်လောက် စီးပွားရေးရလဲ။ အခု သက်ဆိုင်ရာဝန်ကြီးတွေက ပြောနေတာပဲ EITI ထင်သာမြင်သာဖြစ်အောင် လုပ်ပါမယ်ဆိုတယ်။ နိုင်ငံတော်က ဒီအပေါ်မှာ ပိုက်ဆံဘယ်လောက်ရသလဲ။ ရတဲ့ငွေကို ဘယ်လို သုံးစွဲသလဲ။ ပြည်သူတွေလည်း ဘယ်လောက်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်။ ဒါမှ လူထုက နားလည်းမှာ။ ဘယ်သူရသွားတာလဲဆိုတဲ့ မေးခွန်းနဲ့ ဖြစ်နေတော့။ ဒါကိုလည်း အစိုးရဖက်က ရှင်းဖို့လိုတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်ဒီစီကို ခေတ္တရောက်ရှိနေတဲ့ EcoDev အဖွဲ့က ဦးဝင်းမျိုးသူ ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။