သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ရွှေ့ဆိုင်းထား


FILE - Member country flags of the Association of Southeast Asian Nations (ASEAN) are displayed at the group's summit in Bangkok, Thailand, Nov. 4, 2019.
FILE - Member country flags of the Association of Southeast Asian Nations (ASEAN) are displayed at the group's summit in Bangkok, Thailand, Nov. 4, 2019.

[[Zawgyi/Unicode]]
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။

အာဆီယံအဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မှာ ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေကျရင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ကျင်းပဖို့ စီစဉ်ထားတာပါ။ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Koy Kuong က အာဆီယံဝန်ကြီး အတော်များများ အစည်းအဝေး လာတက်ဖို့ ခရီးသွားလာရေးမှာ အခက်အခဲရှိနေကြတာကြောင့်ဖြစ်တယ်လို့ သတင်းထောက်တွေကိုပြောပြီး အသေးစိတ်ကိုတော့ မပြောဘူးလို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ဘယ်ဝန်ကြီးတွေ လာမတက်နိုင်တာလဲလို့ ရိုက်တာက သီးခြားမေးတာမှာတော့ ပြောခွင့်ရ Koy Kuong က သူတို့ကိုယ်စား ပြောပေးလို့မရပါဘူးလို့ပဲ ပြန်ဖြေခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည်ကျဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့နောက် ပထမဆုံးလုပ်ဖို့စီစဉ်ခဲ့တဲ့ ဒီနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို (မြန်မာ) စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်မယ်ဆိုတဲ့သတင်း ထွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------

[[Unicode]]







------------------

XS
SM
MD
LG