သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်ဂျှီကျုဒ်မျဉ်းကို ရှာဖွေခြင်း


လောင်ဂျှီကျုဒ်မျဉ်းကို ရှာဖွေခြင်း
လောင်ဂျှီကျုဒ်မျဉ်းကို ရှာဖွေခြင်း

ပင်လယ်သမုဒ္ဒရာထဲမှာ သင်္ဘောသားတွေ ဘေးရန်ကင်းဝေးစေဖို့ လိုအပ်ချက်တခုဖြစ်တဲ့ ကိုယ်ဘယ်နေရာကိုရောက်နေတယ် ဆိုတာကို သိနိုင်အောင်ပြတဲ့ လောင်ဂျီကျုဒ် (Longitude) လို့ခေါ်တဲ့ သတ်မှတ်မျဉ်းကို ရှာဖွေဖို့ရာစုနှစ်နဲ့ချီပြီး ကျိုးစားခဲ့ကြရတာပါ။

လောင်ဂျီကျုဒ် ကိုသိနိုင်ဖို့ ညအခါမှာ ကြယ်တွေကိုလေ့လာပြီး နေ့အခါမှာ နေရဲ့ အနေထားနဲ့ ရာစုနှစ်ပေါင်းများစွာတွက်ချက်ခဲ့ပါတယ်။ ၁၆ရာစုနှစ်မှာ တော့ လရဲ့အနေထားကိုကြည့်ပြီးတွက်ချက်ဖို့ နက္ခတ္တဗေဒ ပညာရှင်တဦးက အကြံပေးပါတယ်။ ကောင်းကင်ပြင်က လနဲ့ ကြယ်တွေဆက်သွယ်နေတဲ့မြေပုံကို ထုတ်ဖို့ ဗြိတိသျှတော်ဝင် နက္ခတ္တဗေဒပညာရှင် John Flamsteed ကပထမဆုံးကျိုးစားခဲ့ပြီး ၁၇၆၆ ခုနှစ်မှာတော့ Nevil Maskelyne က ရေကြောင်းနဲ့ နက္ခတ္တလမ်းညွှန် Nautical Almanac and Astronomical Ephemeris ကိုထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ်ဘယ်နေရာကို ရောက်နေတယ်ဆိုတာကို ကြယ်၊ လ အကူအညီတွေနဲ့ တွက်ချက်နိုင်တဲ့ အချက်အလက်တွေပါပါတယ်။ ဒါပေမဲ့ တခါတွက်ရင် သုံးလေးနာရီ အချိန်ယူရပါတယ်။

၁၇၃၀မှာ John Harrison က လောင်ဂျီကျုဒ်ကိုပြနိုင်တဲ့ နာရီကိုထွင်နိုင်ဖို့ စကျိုးစားခဲ့ပါတယ်။ နောက်ငါးနှစ်အကြာမှာ အလွန်ရှုပ်ထွေးပြီး အလေးချိန် ၃၄ကီလိုရှိတဲ့ ကရိယာကိုရခဲ့ပါတယ်။ နောက်ခုနှစ်နှစ်အကြာမှာ ပထမနာရီထက်ပိုသေးပေမဲ့ ပိုပြီးလေးတဲ့ နာရီကိုရခဲ့ပြီး နောက်အနှစ် ၂၂ အကြာ ၁၇၅၇ ခုနှစ်မှာတော့ လက်ထဲမှာ ဆုပ်ကိုင်နိုင်တဲ့အရွယ် ပင်လယ်ပြင်ထဲမှာ ဘယ်လောင်ဂျီကျုဒ်ကို ရောက်နေတယ် ဆိုတာကို ပြောနိုင်တဲ့ ကရိယာ Chronometer ခရိုနိုမီတာကိုထွင်နိုင်ခဲ့ပါတယ်။

ခုခေတ်မှာ Global Positioning System - GPS လို့ခေါ်တဲ့ ကိုယ်ရောက်နေတဲ့ နေရာကို ဂြိုဟ်တုကတဆင့် တွက်ချက်ပေးတဲ့ စံနစ်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပေမယ့် ၁၈၁၅ ခုနှစ်လောက်မှာတော့ ကမ္ဘာတဝှမ်း သမုဒ္ဒရာပြင်တွေထဲမှာ ဒီခရိုနိုမီတာပေါင်း ငါးထောင်လောက်သုံးပြီး သွားလာနေခဲ့ရတာပါ။

John Harrison ရဲ့ နာရီတွေထဲက ပထမဆုံးနာရီ သုံးလုံးကို အင်္ဂလန် Greenwich က Old Royal Observatory လက်ဟောင်း တော်ဝင်စူူးစမ်းလေ့လာရေးဌာန မှာ ပြသထားပြီး ဒီနာရီတွေဟာ ကနေ့ထိ အချိန်မှန်ကိုပြသနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG